"အတ္တကင်း ချစ်ခြင်းဆီသို့"
စိတ်ထားကြင်နာ
မေတ္တာ ပျို အိုသည်မရှိ
ပိုလေ သိ သတိခက်ဝေ
ခိုင်စေ သနား။
ဆပွားလို့ ပြောရ
အလောဘ စိတ်ပွား။
ဘဝခြား ဘက်မညီဘောင်ဝယ်
သားကောင်ငယ် မုဆိုး။
ထပ်တမျိုးသာ
မုဆိုးဟာ သားကောင်အလိုက်
ကြိုက်ဆောင် တဲ့မေတ္တာ
ချစ်စရာ တမူထူး
လွမ်းဖွယ့်မူးမူး။
သူထူးငယ်စံ
မာန်စွယ်ရန် မနှင်း
ဥာဏ်ခွင်း ဆင်ခြင်နိုင်မှ
ခွေယိုင်ခွာ အတ္တကင်းမယ်
သင်းတဲ့စိတ်ကူး။
" သစ်ရိပ်ညို "
စိတ်ထားကြင်နာ
မေတ္တာ ပျို အိုသည်မရှိ
ပိုလေ သိ သတိခက်ဝေ
ခိုင်စေ သနား။
ဆပွားလို့ ပြောရ
အလောဘ စိတ်ပွား။
ဘဝခြား ဘက်မညီဘောင်ဝယ်
သားကောင်ငယ် မုဆိုး။
ထပ်တမျိုးသာ
မုဆိုးဟာ သားကောင်အလိုက်
ကြိုက်ဆောင် တဲ့မေတ္တာ
ချစ်စရာ တမူထူး
လွမ်းဖွယ့်မူးမူး။
သူထူးငယ်စံ
မာန်စွယ်ရန် မနှင်း
ဥာဏ်ခွင်း ဆင်ခြင်နိုင်မှ
ခွေယိုင်ခွာ အတ္တကင်းမယ်
သင်းတဲ့စိတ်ကူး။
" သစ်ရိပ်ညို "
Comments
Post a Comment