" တစ်ကိုယ်စာအတွေး "

ဥာဏ်လှပေမယ့်
ကံက မလျှော်စွာ။

စိတ်ရောင်စဉ် ကွယ်ပုန်းလို့
ဖုံး လျက်လေးသာ။

အမိန့်တွေ လိုက်နာ
နေတတ်လာ ကြုံ့လျှိုး။

ကြွရဲပါဘူးလေ
ရလေမယ့် ပင်စင်လေးတွက်
တွေး ကြောင့်ကြ စိုး။ ။

" သစ်ရိပ်ညို "

" လှည့်ကွက် "

ရေကြောမြေ အခြေဖြတ်
ခြောက်တတ် သူရေ။

နင်လည်းလေ လောကီသား
စောင့်စား ကြည့်နေ။

အလှည့်ကျ နွဲ့ နဲ့လေ
အမှည့်ချွေ ကြွေမြဲ။

ပလီ ဆင်
နင် တီထွင် နင်လျှောက်လှမ်းတာ
လမ်းမှ ဟုတ်ဘဲ။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်