" စကားပြင် "
လုံးပိုဒ်လှ အက္ခရာ
သီးသန့်သာ မထား။
သဒ္ဒါသွား ဝါကျရိုးထုံး
ဖွဲ့ကုံး သည့်စကား။ ။
" သီချင်း "
အက္ခရာ လုံးပိုဒ်သီးသန့်
ရှေ့နောက်ဆန့် ပိုဒ်ချင်းကာရန်
စပ်ဖက် သီဟန်။
အချိုးကျန အသံမှန်
အပြန်လှန် ဌာန်ကရိုဏ်း။
သံရှည်တို နိမ့်မြင့်ဖြတ်
လေးပေါ့ဟပ် ကြိုးချင်းညီ
မျိုးဆင်းချီ သက်တက်သွားငယ်
ကြွားဖွယ့် သံလှိုင်း။ ။
" နှစ်မျိုးစပ် "
စကားပြင် သီချင်းစပ်
ထိုနှစ်ရပ် နှစ်ဖွဲ့အပါ။
စပ်ဖက်ကာ ထိုသရိုး
မျိုးစပ် စုံစွာ။
စည်းကမ်းကျ ဝါကျသဒ္ဒါ
နားလည်ပါ ဘာသာစကား။
လက်လိုက်နှုတ်ပါစွာဖြင့်
မြဲလေ့လာ အစဉ်ကျွမ်းအောင်
လမ်းပြဆောင်ငြား။ ။
ဥပစာ သဒ္ဒါနှစ်မျိုး
အသံကျိုး အပြစ် ဂုဏ်။
အလင်္ကာ ရသနှင့်
သဘာဝ ဇုန်။
ပေါရာဏ ရယ်နှင့်
ဝေါဟာရ အနက်အစုံ
ကုံလုံကြွယ် ပြည့်ရေး။
ကဗျာပီချို
စာသီဆို လင်္ကာပျိုးတော့
ကျိုးရှိ ကွဲ့လေး။ ။
" သုတကြွယ်ကြွယ် "
ရာဇဝင် ဇာတ် နိပါတ်
တတ်သိအပ် ခိုင်စေ။
ဥတု လေ ရာသီကြော
တောတောင်ရေမြေ။
ဓမ္မတာ သဘောတွေ
ဇော စိတ်ထွေ တေးဂီတ။
ကျမ်းဂန် အထူးထူးမှတ်
ပရမတ် ပညတ် သဘော
အေဟာ သုတ။ ။
" အပြစ်ကင်းစေ "
ပုဒ် သဘော ထိုအနက်
သက်ရောက်သော အပြစ်။
စာစီရာ သည်ဝါကျဝယ်
ကျရောက် အပြစ်။ ။
" ရေးကြစို့ "
ပုဒ် ဝါကျ သည်အနက်
သက်ရောက်ပြစ် ကင်းစင်။
အလင်္ကာ ဂုဏ် ရသသုံး
ဖွဲ့ကုံး ပန်ဆင်။
စုံစုံလင်လင်
ဂုဏ်အင်္ဂါ ပြည့်လွှမ်း။
ကာရန်ချို စာဆိုရေးဖွယ်
တေးသွဲ့ ထုံမွှမ်း။ ။
" ချီးမွမ်း ဖွယ် "
ထိုအရာ တတ်သိလောက်က
အပြစ်မှ လွန်မြောက်။
ကဗျာမှာ ပါရဂူမြောက်ပါမှ
ကဝိ ဂုဏ်ရောက်။ ။
" သစ်ရိပ်ညို "
လုံးပိုဒ်လှ အက္ခရာ
သီးသန့်သာ မထား။
သဒ္ဒါသွား ဝါကျရိုးထုံး
ဖွဲ့ကုံး သည့်စကား။ ။
" သီချင်း "
အက္ခရာ လုံးပိုဒ်သီးသန့်
ရှေ့နောက်ဆန့် ပိုဒ်ချင်းကာရန်
စပ်ဖက် သီဟန်။
အချိုးကျန အသံမှန်
အပြန်လှန် ဌာန်ကရိုဏ်း။
သံရှည်တို နိမ့်မြင့်ဖြတ်
လေးပေါ့ဟပ် ကြိုးချင်းညီ
မျိုးဆင်းချီ သက်တက်သွားငယ်
ကြွားဖွယ့် သံလှိုင်း။ ။
" နှစ်မျိုးစပ် "
စကားပြင် သီချင်းစပ်
ထိုနှစ်ရပ် နှစ်ဖွဲ့အပါ။
စပ်ဖက်ကာ ထိုသရိုး
မျိုးစပ် စုံစွာ။
စည်းကမ်းကျ ဝါကျသဒ္ဒါ
နားလည်ပါ ဘာသာစကား။
လက်လိုက်နှုတ်ပါစွာဖြင့်
မြဲလေ့လာ အစဉ်ကျွမ်းအောင်
လမ်းပြဆောင်ငြား။ ။
ဥပစာ သဒ္ဒါနှစ်မျိုး
အသံကျိုး အပြစ် ဂုဏ်။
အလင်္ကာ ရသနှင့်
သဘာဝ ဇုန်။
ပေါရာဏ ရယ်နှင့်
ဝေါဟာရ အနက်အစုံ
ကုံလုံကြွယ် ပြည့်ရေး။
ကဗျာပီချို
စာသီဆို လင်္ကာပျိုးတော့
ကျိုးရှိ ကွဲ့လေး။ ။
" သုတကြွယ်ကြွယ် "
ရာဇဝင် ဇာတ် နိပါတ်
တတ်သိအပ် ခိုင်စေ။
ဥတု လေ ရာသီကြော
တောတောင်ရေမြေ။
ဓမ္မတာ သဘောတွေ
ဇော စိတ်ထွေ တေးဂီတ။
ကျမ်းဂန် အထူးထူးမှတ်
ပရမတ် ပညတ် သဘော
အေဟာ သုတ။ ။
" အပြစ်ကင်းစေ "
ပုဒ် သဘော ထိုအနက်
သက်ရောက်သော အပြစ်။
စာစီရာ သည်ဝါကျဝယ်
ကျရောက် အပြစ်။ ။
" ရေးကြစို့ "
ပုဒ် ဝါကျ သည်အနက်
သက်ရောက်ပြစ် ကင်းစင်။
အလင်္ကာ ဂုဏ် ရသသုံး
ဖွဲ့ကုံး ပန်ဆင်။
စုံစုံလင်လင်
ဂုဏ်အင်္ဂါ ပြည့်လွှမ်း။
ကာရန်ချို စာဆိုရေးဖွယ်
တေးသွဲ့ ထုံမွှမ်း။ ။
" ချီးမွမ်း ဖွယ် "
ထိုအရာ တတ်သိလောက်က
အပြစ်မှ လွန်မြောက်။
ကဗျာမှာ ပါရဂူမြောက်ပါမှ
ကဝိ ဂုဏ်ရောက်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment