” ချစ်ရိပ် လွင်လွင် ”

တိမ်ယံကြားက ပေါက်ထွက်လာတဲ့
အလင်းလှေခါးထက်မှာ
တရွေ့ရွေ့ ဆင်းလာတဲ့ မိုးနတ်သမီး
ဖြူလွလွ ဇာပုဝါခြုံဟာ လေအရှိန်နှင့်
တဖြတ်ဖြတ် တလူးလူး။

တစ်ချက်တစ်ချက် မိုးချိန်းသံနဲ့အတူ
လျှပ်စီးတွေက ချစ်သူမြေနတ်သားကို
လွမ်းနိမိတ် နိုးထစေခဲ့တယ်။

နိုးလာသော မြေနတ်သားက
ချစ်သူ သူယောင်မယ် မိုးနတ်သမီး ကို....

ရင်ခွင်တံခါးဖွင့်
ဆီးကြိုထွေးပွေ့ ရင်း.....

အလွမ်းပိုပို
လွမ်းစာဆို၍
လှမ်းကြိုပွေ့ဖက်
အို အသက်ရယ်.....

လွမ်းလရှည်ကြာ
လွမ်းလှပါပြီ
နမ်းလာ ရနံ့
မြေသင်းပြန့်က
မိုးနံ့ရောစေ
ချစ်ကြပေပြီ
ညင်းလေကူသော နေ့လေးမှာ။ ။

”ချစ်သူ့ရင်ခွင် ”

တိမ်ယံလွှာ တိမ်ညွှန့်ကြားက
လှေခါးပွင့် အလင်းရောင်။

ရွေ့ရွေ့ငယ် လှုပ်လှုပ်လူး
လေဟုန်မြူး ခန်းစီးဆောင်။

ပုဝါဖြူ လျှပ်စီးရောင်
သူယောင်မယ် နတ်သမီး။

ရံတခါ ဂျိုးဂျိုးဂျိမ့်နှယ်
ချုန်းခြိမ့် တုန်ဟီး။ ။

ချစ်လွန်းသူ မြေနတ်သား
အနားသို့ တိုးလာ။

မိုးနတ်မြေ ရင်ခွင်တံခါး
လှုပ်ရှား နိုးကာ။

ချစ်ရတဲ့ မိုးဒေဝါ
လွမ်းလှတာ ကြာပြီပေါ့။

လွမ်းစိတ်ပို ဆီးကြိုပွေ့တယ်
လေဝှေ့ အနော့။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး