" သက်ရှည်ခြင်း တရား "
ဘူး ဖရုံ ငရုတ် သခွား
သီးနှံများ ဟင်းလျာပင်။
ကြက်ဝက်ငါး အမဲသားတို့လို
အသားဟင်း အစာပြင်။
သီးနှံနှင့် အသားစုံလင်
စားသောက်လျှင် အင်အား။
ဝမ်းတစ်ထွာ အဟာရတွက်
မျှတစွာစား။ ။
တန်လျှင်ဆေး လွန်ရင်ဘေးဟု
ရှေးကစာစီ။
လျှာရင်းကို အလိုလိုက်က
အမိုက်ဟု ဆိုသည်။
ဝမ်းဗိုက်ရဲ့ အဖီ
ညီမျှစွာစား။
ဆီးဝမ်းလေ မျက်ရည်ချွေးနှင့်
သွေးသည်းခြေ ပြည်အပုပ်တို့ကို
ထုတ်နှုပ်သင့်သား။ ။
ကျန်းမာရေး
အစဉ်တွေးမှ အသက်ရှည်။
အစားအစာ ချိန်တွယ်စား
အားရှိလာမည်။
အားကစား လှုပ်ရှားမှုသည်
ဦးနှောက်ကြည် လန်းဆန်း။
ဟန်ချက်ညီ နေထိုင်မြဲပါမှ
ဆွဲဆန့်သက်တမ်း။ ။
သက်တမ်းတွေ ရှည်ကြာရပ်သော်လည်း
စေတနာ မေတ္တာ မဟပ်ပါက
အမြတ်က ဗလာ။
တတ်သိကြုံ ဗဟုသုတတို့
ပေးမျှကြ ဥာဏ်ပညာ
ဒါမှ မြတ်တာ။
မှန်သောတရား ကြားနာရာ
ဘာသာတရား သာသနာ
မြင့်မြတ်စွာ လမ်းပြထား။
ဖြူစင်နှလုံး အပြုံးညင်သာ
ကြင်နာစွာ ချိုသာပြော
သဒ္ဓါနှော စိတ်ရင်းမှန်ဖြင့်
ကျင့်ကြံပွားများ။ ။
" သစ်ရိပ်ညို "
ဘူး ဖရုံ ငရုတ် သခွား
သီးနှံများ ဟင်းလျာပင်။
ကြက်ဝက်ငါး အမဲသားတို့လို
အသားဟင်း အစာပြင်။
သီးနှံနှင့် အသားစုံလင်
စားသောက်လျှင် အင်အား။
ဝမ်းတစ်ထွာ အဟာရတွက်
မျှတစွာစား။ ။
တန်လျှင်ဆေး လွန်ရင်ဘေးဟု
ရှေးကစာစီ။
လျှာရင်းကို အလိုလိုက်က
အမိုက်ဟု ဆိုသည်။
ဝမ်းဗိုက်ရဲ့ အဖီ
ညီမျှစွာစား။
ဆီးဝမ်းလေ မျက်ရည်ချွေးနှင့်
သွေးသည်းခြေ ပြည်အပုပ်တို့ကို
ထုတ်နှုပ်သင့်သား။ ။
ကျန်းမာရေး
အစဉ်တွေးမှ အသက်ရှည်။
အစားအစာ ချိန်တွယ်စား
အားရှိလာမည်။
အားကစား လှုပ်ရှားမှုသည်
ဦးနှောက်ကြည် လန်းဆန်း။
ဟန်ချက်ညီ နေထိုင်မြဲပါမှ
ဆွဲဆန့်သက်တမ်း။ ။
သက်တမ်းတွေ ရှည်ကြာရပ်သော်လည်း
စေတနာ မေတ္တာ မဟပ်ပါက
အမြတ်က ဗလာ။
တတ်သိကြုံ ဗဟုသုတတို့
ပေးမျှကြ ဥာဏ်ပညာ
ဒါမှ မြတ်တာ။
မှန်သောတရား ကြားနာရာ
ဘာသာတရား သာသနာ
မြင့်မြတ်စွာ လမ်းပြထား။
ဖြူစင်နှလုံး အပြုံးညင်သာ
ကြင်နာစွာ ချိုသာပြော
သဒ္ဓါနှော စိတ်ရင်းမှန်ဖြင့်
ကျင့်ကြံပွားများ။ ။
" သစ်ရိပ်ညို "
Comments
Post a Comment