"ရပ်တည်ခြင်း သဘာဝ"

မှုန်ရီညိုဆိုင်း ၊ ရိပ်မှိုင်းဝေဟန်
တိုင်းရှစ်ခွင်ပျိုး ၊ ဆွေမိုးတိမ်ယံ
ညှိုးမာန်ရယ်သိုင်း ၊ ရစ်ဝိုင်းဝသန်
ထစ်ချုန်းမိုး ဝေဖြိုး ရွာမယ့်ဟန် ။ ။

သေလာတောင်ကမ်း ၊ စိမ့်စမ်းရေတံခွန်
ချမ်းမြသာမော ၊ အံ့ဩသာလွန်
တောချိုင့်တောင်ဝှမ်း ၊ ချောက်ကမ်းလျှိုလွန်
မာယာပေါ မြိုင်ကြော ခင်တန်းညွှန်။ ။

စိမ့်ရေသွယ်မြောင်း ၊ တာချောင်းရယ်စုန်
ပေါင်းစုမြစ်တွင်း ၊ ရင်ချင်းဖုံဖုံ
ဆင်းပင်လယ်ချုပ် ၊ သမုဒ္ဒရာဆုံ
ဌာနေတွင်း ထင်လင်း ဝင်စေကုန်။ ။

သမုဒယနှောင်ထပ် ၊ တွယ်ကပ်မေတ္တာ
သဒ္ဒါ သီလ ၊ သုတ စာဂါ
ဆထက်တိုးပွား ၊ များပြား ပညာ
သင်လာကြ လူ့ဘဝ နောင်ချမ်းသာ။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်