" သည်တစ်မိုး ဖိုးမောင်ငိုပြီ "
မိုးလရာသီ
ချိန်ခါမီ သည်ဝသန်ပေမို့
ဝဠာမြေ အုံ့ဆိုင်း
ရှစ်တိုင်း ခွင်လုံး ထစ်ချုန်း ပတ်လည်
မိုးဆမ်းပန်း လန်းရွှင်ကြည်
နတ်ပန်းချီ မင်ရည်ဆေးစက်
မိုးလုံးသက် ထက်အောက်မှောင်ရီ
အနောက်တောင် လေပြေသွေးပြီပေါ့
မိုးအေးတဲ့ လရာသီ။
မှုန်ပြာရီ ညို့ညို့ဆိုင်းဆိုင်း
အုံမှိုင်း ညို့ဆိုင်း တိမ်လှိုင်းဝင့်သည်
လယ်ရေခံ လယ်ယာကွင်းမှာ
ပြည့်တင်း ရေဖွေး ပြန့်ထွေး သည်ချိန်
ကောက်စိုက်ပျိုးချိန်
နောက်ဖက်မိုးတိမ်
ကောက်စိုက်ချိန် ပျိုမေသင်းတို့
လယ်ကန်သင်းမှာ တန်းစီလျှောက်သည်
သာရကာ သည်ရွှေကျေးသို့
ဆိုတေး ဟစ်ကြွေး
ချိုအေး သံသာသီ။
လမ်းလျှောက် နေရင်း
သီချင်းဝေစီ
ကောက်စိုက် နေရင်း
သီချင်းဆိုမည်
ကေသာပန်း စံမြန်းခိုသည်
လှအိနြေ္ဒ တစ်ပွင့်ပန်း ကိုယ်စီ
သနပ်ခါး ပါးကွက်ညီညီ
ရွှင်အား ဘဝင်စိမ့်
ကြည်မွေ့ခါတော်မှီ။
ဖိုးမောင်ရေ ပျိုးထောင်လေ
ကောက်စိုက်မေ ပျိုတသင်းဖြင့်
ကောက်စိုက်ယိမ်း စပါပြီ
ကောက်စိုက်သမရယ်
တောပန်း အလှရယ်
ကောက်ပင်ပျိုရယ်
လေယူရာတိမ်းလို့
ယိမ်း .. နွဲ့ .. က ..ဟန်ချီ။
ဖိုးမောင်ရင်မှာ မချိပြီ
မြို့ကိုရောက် ပျောက်ရှာလေသော
ကွမ်းတောင်ကိုင် အလှဆုံး
မောင့်ဖုန်း သက်လယ်
ချစ်သူဆီ မျှော်ရည်မှန်း
တမ်းတ မိပြီ။
လွမ်းသည် ဆွေးသည်
မချိဘဝင် မျက်ရည်နှိုးဆွ
သွန်းဖြိုးကျ ညှိုးလျရှာသည်
ဖိုးမောင်ငိုပြီ
မိုးမှောင်ရာသီ
ရင်မချိအောင် ပြိုတဲ့မိုး မို့
အစိုးမရတော့ပြီ။
ရွာပါလေ ယှဉ်ပြိုင်မိုးနှင့်
တိတ်တခိုး မျက်ရည်မိုးတို့
ကောက်ပင် ပျိုး နိုးထရှာချေပြီ။ ။
" သစ်ရိပ်ညို "
မိုးလရာသီ
ချိန်ခါမီ သည်ဝသန်ပေမို့
ဝဠာမြေ အုံ့ဆိုင်း
ရှစ်တိုင်း ခွင်လုံး ထစ်ချုန်း ပတ်လည်
မိုးဆမ်းပန်း လန်းရွှင်ကြည်
နတ်ပန်းချီ မင်ရည်ဆေးစက်
မိုးလုံးသက် ထက်အောက်မှောင်ရီ
အနောက်တောင် လေပြေသွေးပြီပေါ့
မိုးအေးတဲ့ လရာသီ။
မှုန်ပြာရီ ညို့ညို့ဆိုင်းဆိုင်း
အုံမှိုင်း ညို့ဆိုင်း တိမ်လှိုင်းဝင့်သည်
လယ်ရေခံ လယ်ယာကွင်းမှာ
ပြည့်တင်း ရေဖွေး ပြန့်ထွေး သည်ချိန်
ကောက်စိုက်ပျိုးချိန်
နောက်ဖက်မိုးတိမ်
ကောက်စိုက်ချိန် ပျိုမေသင်းတို့
လယ်ကန်သင်းမှာ တန်းစီလျှောက်သည်
သာရကာ သည်ရွှေကျေးသို့
ဆိုတေး ဟစ်ကြွေး
ချိုအေး သံသာသီ။
လမ်းလျှောက် နေရင်း
သီချင်းဝေစီ
ကောက်စိုက် နေရင်း
သီချင်းဆိုမည်
ကေသာပန်း စံမြန်းခိုသည်
လှအိနြေ္ဒ တစ်ပွင့်ပန်း ကိုယ်စီ
သနပ်ခါး ပါးကွက်ညီညီ
ရွှင်အား ဘဝင်စိမ့်
ကြည်မွေ့ခါတော်မှီ။
ဖိုးမောင်ရေ ပျိုးထောင်လေ
ကောက်စိုက်မေ ပျိုတသင်းဖြင့်
ကောက်စိုက်ယိမ်း စပါပြီ
ကောက်စိုက်သမရယ်
တောပန်း အလှရယ်
ကောက်ပင်ပျိုရယ်
လေယူရာတိမ်းလို့
ယိမ်း .. နွဲ့ .. က ..ဟန်ချီ။
ဖိုးမောင်ရင်မှာ မချိပြီ
မြို့ကိုရောက် ပျောက်ရှာလေသော
ကွမ်းတောင်ကိုင် အလှဆုံး
မောင့်ဖုန်း သက်လယ်
ချစ်သူဆီ မျှော်ရည်မှန်း
တမ်းတ မိပြီ။
လွမ်းသည် ဆွေးသည်
မချိဘဝင် မျက်ရည်နှိုးဆွ
သွန်းဖြိုးကျ ညှိုးလျရှာသည်
ဖိုးမောင်ငိုပြီ
မိုးမှောင်ရာသီ
ရင်မချိအောင် ပြိုတဲ့မိုး မို့
အစိုးမရတော့ပြီ။
ရွာပါလေ ယှဉ်ပြိုင်မိုးနှင့်
တိတ်တခိုး မျက်ရည်မိုးတို့
ကောက်ပင် ပျိုး နိုးထရှာချေပြီ။ ။
" သစ်ရိပ်ညို "
Comments
Post a Comment