အမောပာ(ပညာ)အကြောင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*အမောပာမှာ၊ ဥာဏ်ပညာတည်း
မောပာကြီးစွာ၊ ဖုံးလွှမ်းကာထား
အရာများကို၊ ဤဥာဏ်ပညာ
ခေါ်ထိုက်ပါသော၊အမောပာက
စွမ်းနိုင်သမျှ၊ ဖေါ်ထုတ်ပြ၅ု
အမှန်သိမြင် ကြည်လင်မည်။

*ဥာဏ်ပညာလျှင်၊ အသွင်နှစ်မျိုး
ရှိရိုးမှန်စွာ၊ ပညာစစ်မှန်
ကံနှင့်ကံေ။်၊ အကျိုးသိသော
ဥာဏ်ပာုလည်းကောင်း- -
စာပေကျမ်းဂံ၊အဓိပ္ပာယ်မှန်အား
နားလည်လွယ်သောဥာဏ်ပာုလည်းကောင်း
ဝိပဿနာ၊ ဥာဏ်များစွာမှန်
မဂ်ဥာဏ်ဖိုလ်ဥာဏ်၊ တရားမှန်အား
သိနားလည်သောဥာဏ်ပာုလည်းကောင်း
ဘုရားရှင်ေ။်၊ သဗ္ဗညုတ
ဥာဏ်ထိရအောင်၊ အသိဆောင်ရာ
အလိမ္မာဖြစ်၊ အပြစ်ကင်းမှန်
ဥာဏ်ပာူသမျှ
ပညာအစစ်ဖြစ်ပေသည်။

*ပညာတုမူ၊ ပါးနပ်သူပာု
ခေါ်တွင်ရသူ၊ တဖက်လူတွေ
ကျလောက်စေရန်၊ပာန်ပန်လေသံ
ပာန်ဆောင်ကောင်းသော
ပောာပြောတတ်သော
ဥာဏ်ပာုလည်းကောင်း
အခိုးဝှက်ဥာဏ်၊ လှည့်စားဥာဏ်ကျယ်
ပရိယာယ်ဖြာ၊မာယာလှည့်ပတ်
လိမ်လည်တတ်သော
ဥာဏ်ပာုလည်းကောင်း
ထိုဥာဏ်များမှာ
ပညာအစစ်၊ မဖြစ်ပါချေ
လိမ်လည်ချင်သော
ဝဉ္စနာခေါ် ပညာအတုသာတည်း။

*ဥာဏ်စစ်ဥာဏ်တု၊ ခွဲခြားရှုကြည့်
သင်ေ။်ဝန်းကျင်၊ လူ့ခွင်သဘော
စောကြောပေါင်းဖေါ်ကြပါဘိ။

* ရင် လှိုင်း ငြိမ့်
၇ - ၉ - ၁၉၉၅

ကျမ်းကိုး။ ။ဆရာတော်အရှင်ဇနကာဘိဝံသ
ရေးသားတော်မူအပ်သော
" ကိုယ်ကျင့်အဘိဓမ္မာ "

Comments

Popular posts from this blog

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်

သံခိပ်