" အိုဘယ့် ဘဝခရီးသည် "

တကယ်သာ ဟော့သရမ်း ရင်ဖြင့်
သော့သွမ်းဟု ဆိုဖွယ်
ကျော့ကြမ်းမှု ပိုခင်တွယ်မယ်
ပြင်ဆင်ကွယ် ခုများ။

ငွေဓန ရေရေရာ လျှင်
အသေအချာ ထိန်းချုပ်လို့ထား။

သုံးစွဲပါ့ အဆွေလိုရာ ကို
ချွေတာစွာ လက်ပါး။

ငွေဆိုတာ ရှာလျှင်ရှား သကွဲ့
မှတ်သားနဲ့ ရှိစေ။

ပွန်းပဲ့ကာ မပျောက်ရှ အောင်လို့
စောင့်ရှောက်ရ ချေးငှား မဲ့ထွေ။

ရှိတာလည်း မသိကြစေ
မရှိလည်းလေ လုံစေ ဟုတ်
ငုံ ရေ နှုတ် ပိတ်မှသာ
စိတ်ချ ရတာ။

လိုရာခရီး ဆက်ဖို့ရာဝယ်
လက်တို့ကာ ပြောချင်ရဲ့လေး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်