" မြတ်ပညာ "

ရွှေပင်ရွှေငြမ်း
ရွှေကြငှါန်း
ရွှေနန်းဆောင်ယံတွင်း။

ရွှေစင်ရွှေရွေး
ရွှေမှုံကြွေး
ရွှေရေးထိန်လျှံဝင်း။

ငွေမှင်ငွေတန်း
ငွေရောင်လွှမ်း
ငွေပန်းဆင်းသက်နှင်း။

ငွေခင်းငွေချည်
ငွေကြယ်ဆီ
ငွေရည်လနှယ်ခင်း။

ဥာဏ်ပညာနယ်
ပညာကြွယ်
တင့်တယ်လျောက်ပတ်ခြင်း။

သုတစွယ်စုံ
များခြုံငုံ
ကုံလုံဥာဏ်သိရှင်း။

ပညာအရောင်
ထွန်းလင်းပြောင်
တန်ဆောင်နေသို့လင်း။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်