" ပြောင်းလဲတတ်သော "

စီးပွား တွင် တိုးတက်က
ဝင်းလက် ပ လှ မျက်နှာ။

ကြီးပွား မမြင် ကျိုးပျက်က
ညှိုးလျက် ကျရှာ။

ကျိုးကြောင်းဆက် ရုပ်ခန္ဓာ
ဖြစ်ပေါ်လာ အဆင်သွေး။

စိတ်တည်ရာ ခန္ဓာလိုက်တယ်
နှစ်ချိုက် ကွဲ့လေး။ ။

ဆင်းရဲသူ လူတန်းစား
ဝမ်းတစ်ခါး ငတ်လျှင်ကွယ်။

ဝမ်းပူဆာ ပြည့်ဝရေး
မအေး လှဖွယ်။

ပြု မပြု ထိုက်တာတွေရယ်
ဘေးဖယ်ကာ မစဉ်းစား။

မင်းဘဏ္ဍာ ဥစ္စာများတောင်
ထိပါး တတ်သား။ ။

ပြည်သူတွေ ငတ်ပြီကွဲ့
ကြောက်ကြဟဲ့ မင်းဆိုးတွေ။

မင်းကောင်းရင် နှောင်အဖွဲ့
ကျိုးမဲ့ မစေ။

ထောက်ပံ့မှု ကူညီလေ
အခွင့်စေ လျော့ပေါ့ပေး။

အခွန် အတုတ် တွေနှောင်တဲ့
မျက်နှာပြောင် ပြည်ပကိုးတွက်
စိုးထိတ် မိသေး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်