" တွဲလက်ညီညီ "

စိမ့်စမ်းကြည်ပြာ ၊ တောင်ခြေရွာ၏
လယ်ယာအဝှမ်း ၊ ရေပြည့်လွှမ်းသော်
ထယ်ခြမ်းမြေမွ ၊ ထွန်ယက်ကြပြီ
နိုးထ တောင်သူ ကျေးဇူးရှင်။

လယ်မြေဧက ၊ စိမ်းမြမြဖြင့်
လှပသာမော ၊ လယ်ယာတောဝယ်
မမောမပန်း ၊ ပြည့်ဝန်ထမ်းလျက်
မိုးဆန်း ပန်းနှယ် လန်းဆန်းရွှင်။

မိုးကုန်ဆောင်းဦး ၊ ယာသို့ကူးလျက်
ကြည်နူးချမ်းမြ ၊ လုပ်အားလှဖြင့်
တက်ကြွသည့်မာန် ၊ ကြိုးစားပြန်သည်
သန်မာ လုပ်သား စွမ်းပကား။

ယာသခွားခင်း ၊ ဖရုံဝင်းမှဲ့
မုန်ညင်း ဖရဲ ၊ မုန်လာ ပဲစိမ်း
မြေပဲ အာလူး ၊ ချဉ်ပေါင် ဘူးနှင့်
ပြောင်းဖူး ခရမ်း မလွတ်တမ်း။

ဆောင်းထွက်သီးနှံ ၊ စပါးဆန်မှ
ကျောင်းကန်ဘုရား ၊ လှူဒါန်းအားလျှင်
စိတ်ထားအပြည့် ၊ မြတ်ပီတိနှင့်
ထိမိ သဒ္ဓါ ၊ လှူကြရှာ၏။

နွေမှာလှည်းဆွဲ ၊ သစ်ဝါးတွဲဖို့
တောထဲသွားကာ ၊ ခုတ်ယူလာ၍
အိမ်ယာကန်ကျောင်း ၊ နွေသစ်လောင်းလျက်
စုပေါင်း ညီညာ ၊ ရှိကြပါ၏။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်