"လှိုင်းက စေ လေ အလွမ်း"
သံသာ ခွန်းဖွဲ့ ၊ ရွှန်းလဲ့ မူယာ
ဖြူပြာ ဆောင်နန်း ၊ သောင်ကမ်း လှမ်းရည်
ပန်းချီ ရှုံးလှ ၊ ပြုံးကြွ ဟန်ပျို
မာန်ပို ဟိန်းသံ ၊ ယိန်းလျှံ နွယ်မောက်
ပယ်ပျောက် ချစ်လှိုင်း ၊ ရှစ်တိုင်း မှိုင်းညို
သိုင်းပြို မိုးပြေး ၊ ဖြိုးအေး အာကာ
မာယာ နွဲ့ကြင် ၊ မဲ့လျှင် ပင်လယ်
ဆင်ကွယ် မိုးသား ၊ မျိုးစား တိမ်တောင်
ထိန်ရောင် လိမ့်ဆင်း ၊ နိမ့်ရင်း မဲမှောင်
သဲသောင် ပြင်ထက် ၊ ညင်သက် တိုက်ခါ
စိုက်လာ လေပြင်း ၊ စေနှင်း မိုးပေါက်
မိုးရောက် ထစ်ချုန်း ၊ ချစ်တုန်း ခဏ
ဘဝ ယိုစီး ၊ ငိုပြီး ပုလဲ
စုဆဲ ငွေဥ၊ ကြွေလု ဆွတ်ဖြန်း
ဇွတ်မှန်း တမ်းတ ၊ လွမ်းရ ခက်ပြီ
ရက်သည် လပြောင်း ၊ ညပေါင်း စုံစေ
ယုံလေ မိသူ ၊ ချိပူ ဗျာပါ
သာယာ နိုးနိုး ၊ တိုးတိုး လှောင်သံ
သန်းခေါင်ယံ ထဲ ရောက်ခဲ့ပြီ။
" သစ်ရိပ်ညို
သံသာ ခွန်းဖွဲ့ ၊ ရွှန်းလဲ့ မူယာ
ဖြူပြာ ဆောင်နန်း ၊ သောင်ကမ်း လှမ်းရည်
ပန်းချီ ရှုံးလှ ၊ ပြုံးကြွ ဟန်ပျို
မာန်ပို ဟိန်းသံ ၊ ယိန်းလျှံ နွယ်မောက်
ပယ်ပျောက် ချစ်လှိုင်း ၊ ရှစ်တိုင်း မှိုင်းညို
သိုင်းပြို မိုးပြေး ၊ ဖြိုးအေး အာကာ
မာယာ နွဲ့ကြင် ၊ မဲ့လျှင် ပင်လယ်
ဆင်ကွယ် မိုးသား ၊ မျိုးစား တိမ်တောင်
ထိန်ရောင် လိမ့်ဆင်း ၊ နိမ့်ရင်း မဲမှောင်
သဲသောင် ပြင်ထက် ၊ ညင်သက် တိုက်ခါ
စိုက်လာ လေပြင်း ၊ စေနှင်း မိုးပေါက်
မိုးရောက် ထစ်ချုန်း ၊ ချစ်တုန်း ခဏ
ဘဝ ယိုစီး ၊ ငိုပြီး ပုလဲ
စုဆဲ ငွေဥ၊ ကြွေလု ဆွတ်ဖြန်း
ဇွတ်မှန်း တမ်းတ ၊ လွမ်းရ ခက်ပြီ
ရက်သည် လပြောင်း ၊ ညပေါင်း စုံစေ
ယုံလေ မိသူ ၊ ချိပူ ဗျာပါ
သာယာ နိုးနိုး ၊ တိုးတိုး လှောင်သံ
သန်းခေါင်ယံ ထဲ ရောက်ခဲ့ပြီ။
" သစ်ရိပ်ညို
Comments
Post a Comment