" သမားဂုဏ် "

ကပါ ကပါ ကကြပါ။

ဒီအသွင် မြင်ကြရ
ရင်ဝထိ နာ။

မင်းစိတ်ကြိုက်သာ
ကကြရှာ မြန်ပြည်တစ်လွှား။

ပညာရေးရယ်က
ကလေးငယ် ဆံ ဆံတောက်သို့
လျှောက်ရ ဟန်အား။ ။

" ရှေးရိုးပျက်သောခေတ် "

ဆရာ့ဂုဏ် ဟန်တည်ထား
ချစ်သားတို့ အတွက်ရယ်။

စာပေါက်အောင် အသာခြောက်သဟဲ့
ကြောက်နဲ့ နော်ကွယ်။

ပညာတတ် ဖြစ်စေချင်တယ်
ရှေးမျိုးနွယ် ဆရာများ။

ခုများလျှင်ဖြင့်
သင်သားဖင် ခေါင်းတွင်ပွတ်တောင်
ခွင့်လွှတ် ရမလား။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်