” မစွန့်လွှတ်သင့်ရာ ”
ဥစ္စာ ပညာ ၊ ကိုးကွယ်ရာ နှင့်
ရိုးရာ ယဉ်ကျေး ၊ ဆက်ခံရေး တွက်
မျှော်တွေး ကြိုတင် ထားသင့်သည်။
ဥစ္စာ လက်ကြား ၊ ယိုပေါက် သွားက
မခြား ပညာ ၊ တုံးလာ ပါက
ဘာသာ ကိုးကွယ် ၊ ရိုးရာ ပယ်၍
မဖွယ် ယဉ်ကျေး ၊ မျိုးပြတ် ဆွေးက
ကိုယ်မွှေး သည့်မီး ၊ လောင်မြိုက် ဟီးသို့
သမီး နှင့်သား ၊ မျိုးနွယ်အား လျှင်
စော်ကား သမှု ၊ မကောင်း မှုကြောင့်
ရင်ထု မနာ ၊ ဖြစ်ရ ပါမည်
နှစ်ဖြာ မိဘ ၊ ဘဝ စမှ
ဆုံးမ သွန်သင် ၊ လိမ္မာ ယဉ်ကျေး
ငယ်စဉ် လေးက ၊ နည်းနာ ပြ၍
လမ်းစ ဖေါ်ကာ ထားသင့်သည်။
” သစ်ရိပ်ညို ”
ဥစ္စာ ပညာ ၊ ကိုးကွယ်ရာ နှင့်
ရိုးရာ ယဉ်ကျေး ၊ ဆက်ခံရေး တွက်
မျှော်တွေး ကြိုတင် ထားသင့်သည်။
ဥစ္စာ လက်ကြား ၊ ယိုပေါက် သွားက
မခြား ပညာ ၊ တုံးလာ ပါက
ဘာသာ ကိုးကွယ် ၊ ရိုးရာ ပယ်၍
မဖွယ် ယဉ်ကျေး ၊ မျိုးပြတ် ဆွေးက
ကိုယ်မွှေး သည့်မီး ၊ လောင်မြိုက် ဟီးသို့
သမီး နှင့်သား ၊ မျိုးနွယ်အား လျှင်
စော်ကား သမှု ၊ မကောင်း မှုကြောင့်
ရင်ထု မနာ ၊ ဖြစ်ရ ပါမည်
နှစ်ဖြာ မိဘ ၊ ဘဝ စမှ
ဆုံးမ သွန်သင် ၊ လိမ္မာ ယဉ်ကျေး
ငယ်စဉ် လေးက ၊ နည်းနာ ပြ၍
လမ်းစ ဖေါ်ကာ ထားသင့်သည်။
” သစ်ရိပ်ညို ”
Comments
Post a Comment