" တို့ရွာမှာ စုန်းပြူးတယ် "

ထဘီခြုံ ငှက်ဠင်းတ
စုန်းမတို့ ကျင့်ကြံ။

စုန်းကဝေ အတတ်ကျူး
စုန်းပြူး သည့်ဟန်။

ရိုးရာလိုက် တိုက်သည့်ရန်
ရပ်ကျေးခံ နတ်ပူး။

သာသနာ ကျော်ကာလွှားတယ်
အပါး ဝ မြူး။ ။

ဤဟာကို လူတစ်သိုက်
သူ့အကြိုက် လိုက်စေ။

အောက်ကနေ မျက်နှာပေးနဲ့
မေးပင့် လျက်နေ။

အနိဋ္ဌာ အားကြီးအောင်လေ
အပါးစေ လက်ဝေစား။

ရပ်ရွာနေ လူတင်းကြမ်းရယ်
ဆန်း လှ ပါလား။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်