"ဘဝ အစ ပထမ"

ကဗျာတပုဒ် ထုတ်နှုပ်ဖတ်ခြင်း
မြှုပ်ကွင်းအစ ပထမမှာ
"မ"ကိုင်စာအုပ် ထိလှုပ်ခြင်းပင်။

ငုတ်တိုင်တစ်တိုင် မြေဆိုင်ချုပ်က
ယိုင်လှုပ်မသာ မခါရအောင်
ဥာဏစေမိုး နက်ရှိုးအစ
ထိုးမြှုတ်ကြ၍ စတွေ့မရှာ
ရှေ့အဆုံး၏ လူရှိများတွင်
သိမှုအစ လူ့ဘဝလည်း
အစရေကြည် တည်မှီလာ၏။

ဤမိဘကား ငုတ်သားတိုင်လို
အားထမ်းလိုခဲ့ အဆုံးမဲ့၌
ပြုံးခဲ့တိုင်စေ မကျေကျေးဇူး
ကျေကျေးဇူးဖြင့် လူ့ခွင့်ဆုံးစေ
ချင့်ထောက်လေအပ်။

မချပ်ပုံသွေး မှတ်တေးဆန္ဒ
ကျေးဇူးတရား များပြားလှ၏။

သားသမီးတို့ ဘယ်သို့ကုန်ခမ်း
တို့စိတ်ဝမ်းထဲ မကွဲစေရ
လွဲနေလှက အစမတွေး
အဆုံးပြေးမှ မှားရက်ကြ၏။

စကြာဝဠာ
ဆုံးရာမရှိ ကာလအစ
သိမရလို့ အစဘယ်လို
ပြောဆိုမတတ် ထိုထိုအစ
တွေးဆနိုင်လျှက် မဖုံးသင့်ပေ
တွေဝေအဆုံး ဖွေရှာသုံးရင်
မြဲဆင်ခြင်၍ ထင်မြင်ကျေးဇူး
ဆပ်ဖူးခွင့်လေး မြူးလွင့်မည်။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး