" သတိနှင့်နေ "

တစ်ဝမ်းတစ်ခါး
ဝန်နှင့်အား
အစား မျှပါစေ။

အချိန်ရှိငြား
ကျောတစ်ပြား
တအား အိပ်နဲ့လေ။

ဧည့်နေရပ်ခြား
ခရီးအား
သွားတိုင်း မသင့်ပေ။

ချင့်ချိန်ပိုင်းခြား
ဆိုစကား
ပြောကြား ထိန်းတတ်စေ။

မာယာလှည့်စား
ထံအပါး
ကြားတိုင်း ယုံနဲ့လေ။

လျှို့ဝှက်ချက်အား
သိုဝှက်ထား
အားလုံး ပြောနဲ့လေ။ ။

" သစ်ရိပ်ညို "

( သုတရတနာဆုံးမစာမှ မှီငြမ်းရေးဖွဲ့သည် )

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်