" မိုးသံ "

တိမ်ညို တိမ်မိုင်း
အုံ့ဆိုင်း လို့ပြို။

မိုးဝဠာ ဒေ၀ါညွှန်းလို့
ရွာသွန်း တော့သကို။

ရွှေမိုးငယ် တေးဆို
မွှေးချိုချို မြေသင်း။

မြေပြင်မှာ ရေဆင်လောင်းသလို
ချောင်းကန်ရေတင်း။ ။

လေတိုးတာ ကြောင့်
ရေခိုးပါလာတယ်။

ဒီတခါ မိုးသံပေးလို့
မိုးလေးရွာတော့မယ်။

ကြိုးစားပါစို့ တို့တောရွာဝယ်
မြန်မကြာ တကယ် စိုက်ပျိုး။

ထွန်ရေးငင် လယ်သမားတို့
အားအင်ပြည့်ဖြိုး။ ။

မိုးလေးရွာပါမှ
ပျိုးလေးကသာ။

မျိုးစပါး လှိုင်လှိုင်စိုက်ကြ
အားတိုက်လျက်သာ။

အထွက်တိုး စပါးဟာ
တင်းနှစ်ရာ တစ်ဧက။

ဒီ့ထက်ဒီ တိုးလေသမျှကို
ချိုးချလှူကြ။ ။

သူငယ်ချင်း နဲ့တွဲရေထားသဗျ
" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်