” ဂဏန်း ကင်းမြှီးကောက် မြွေ ”

ရေက တက်ကာ ၊ ကန့်လန့် လာ
အဲ့ဒါ ဂဏန်း ပင်။

ကုန်းရိုး တလျောက် ၊ ကင်းမြှီးကောက်
ကိုယ်ဖျောက် အဆိပ် ရှင်။

လိမ်ကောက် သည့်မြွေ ၊ ရှုပ်ထွေး ပေ
လျှာတွေ နှစ်ခွ မြင်။

ကင်းမြှီးကောက် အား ၊ မြှီးဖြတ် သွား
သူကား ဂဏန်း ပင်။

ဂဏန်း လက်မ ၊ မြွေ ရန်စ
မြွေက မြိုချ လျှင်။

မြွေဝမ်း ပေါက်ထွက် ၊ ဂဏန်း သက်
ကျေပျက် နောက်ဆုံးတွင်။

မကောင်းမှု ကံ ၊ သူတို့ ဒါဏ်
သူပြန် ခံရ ပင်။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်