” မေတ္တာ သက်ဝင် ”
မေတ္တာ ရွှေရည် ၊ ဝတ်မှုန် စီ၍
နေခြည် နုသွေး ၊ ချိုလွင် အေးလျက်
မလေး မောင်တို့ အားသစ်ချီ။
သစ္စာ ပင်စည် ၊ ခိုင်ခိုင် ချည်၍
တည်ကြည် ရှင်းသန့် ၊ ဝင်းဖန့်ဖန့် ဖြင့်
ဆင်းခန့် နုချော သဘောဖြူ။
ပေါင်းစည်း ရည်တူ ၊ ဝိုင်းဝန်း ကူ၍
ကြည်ဖြူ ချမ်းမြ ၊ နှလုံး လှသော်
ပြည့်ဝ စိတ်ထား ၊ ညီညွတ် အားနှင့်
လုပ်အား လည်းလှ ၊ ဝမ်းလည်း ဝစွာ
ကျန စည်းကမ်း ၊ တို့ လျှောက်လှမ်း မည်
ရွှင်လန်း ညီညာ ရှိကြမည်။ ။
” သစ်ရိပ်ညို ”
မေတ္တာ ရွှေရည် ၊ ဝတ်မှုန် စီ၍
နေခြည် နုသွေး ၊ ချိုလွင် အေးလျက်
မလေး မောင်တို့ အားသစ်ချီ။
သစ္စာ ပင်စည် ၊ ခိုင်ခိုင် ချည်၍
တည်ကြည် ရှင်းသန့် ၊ ဝင်းဖန့်ဖန့် ဖြင့်
ဆင်းခန့် နုချော သဘောဖြူ။
ပေါင်းစည်း ရည်တူ ၊ ဝိုင်းဝန်း ကူ၍
ကြည်ဖြူ ချမ်းမြ ၊ နှလုံး လှသော်
ပြည့်ဝ စိတ်ထား ၊ ညီညွတ် အားနှင့်
လုပ်အား လည်းလှ ၊ ဝမ်းလည်း ဝစွာ
ကျန စည်းကမ်း ၊ တို့ လျှောက်လှမ်း မည်
ရွှင်လန်း ညီညာ ရှိကြမည်။ ။
” သစ်ရိပ်ညို ”
Comments
Post a Comment