"ရပ်တည်ခြင်း သဘာဝ"
မှုန်ရီညိုဆိုင်း ရိပ်မှိုင်းဝေဟန်
တိုင်းရှစ်ခွင်ပျိုး ဆွေမိုးတိမ်ယံ
ညှိုးမာန်ရယ်သိုင်း ရစ်ဝိုင်းဝသန်
ထစ်ချုန်းမိုး ဝေဖြိုး ရွာမယ့်ဟန် ။ ။
သေလာတောင်ကမ်း စိမ့်စမ်းရေတံခွန်
ချမ်းမြသာမော အံ့ဩသာလွန်
တောချိုင့်တောင်ဝှမ်း ချောက်ကမ်းလျှိုလွန်
မာယာပေါ မြိုင်ကြော ခင်တန်းညွှံ။ ။
စိမ့်ရေသွယ်မြောင်း တာချောင်းရယ်စုန်
ပေါင်းစုမြစ်တွင်း ရင်ချင်းဖုံဖုံ
ဆင်းပင်လယ်ချုပ် သမုဒ္ဒရာဆုံ
ဌာနေတွင်း ထင်လင်း ဝင်စေကုန်။ ။
သမုဒယနှောင်ထပ် တွယ်ကပ်မေတ္တာ
သဒ္ဒါ သီလ သုတ စာဂါ
ဆထက်တိုးပွား များပြား ပညာ
သင်လာကြ လူ့ဘဝ နောင်ချမ်းသာ။ ။
" သစ်ရိပ်ညို "
ဆရာမောင်မောင်၏ ပန်းချီကား
မှုန်ရီညိုဆိုင်း ရိပ်မှိုင်းဝေဟန်
တိုင်းရှစ်ခွင်ပျိုး ဆွေမိုးတိမ်ယံ
ညှိုးမာန်ရယ်သိုင်း ရစ်ဝိုင်းဝသန်
ထစ်ချုန်းမိုး ဝေဖြိုး ရွာမယ့်ဟန် ။ ။
သေလာတောင်ကမ်း စိမ့်စမ်းရေတံခွန်
ချမ်းမြသာမော အံ့ဩသာလွန်
တောချိုင့်တောင်ဝှမ်း ချောက်ကမ်းလျှိုလွန်
မာယာပေါ မြိုင်ကြော ခင်တန်းညွှံ။ ။
စိမ့်ရေသွယ်မြောင်း တာချောင်းရယ်စုန်
ပေါင်းစုမြစ်တွင်း ရင်ချင်းဖုံဖုံ
ဆင်းပင်လယ်ချုပ် သမုဒ္ဒရာဆုံ
ဌာနေတွင်း ထင်လင်း ဝင်စေကုန်။ ။
သမုဒယနှောင်ထပ် တွယ်ကပ်မေတ္တာ
သဒ္ဒါ သီလ သုတ စာဂါ
ဆထက်တိုးပွား များပြား ပညာ
သင်လာကြ လူ့ဘဝ နောင်ချမ်းသာ။ ။
" သစ်ရိပ်ညို "
ဆရာမောင်မောင်၏ ပန်းချီကား
Comments
Post a Comment