" အဆ မပွား စေ "

အသီးတရာ အညှာတခု
ပမာပြု သဘောမှာ
ရောနှောစိမ့်ဖြာ။
သောတဆင် တေးကဗျာ
ရေးဆိုကာ ဆက်သွင်း။
တေးချိုစွာ သံသာလဲ့ရယ်
ပြောတဲ့ သံညင်း။ ။

ကောင်းစေလို ဆေးကိုတိုက်မှ
ပျောက်ပါလိမ့် ဒီရောဂါ
စိတ်လက်ကျန်းမာ။
အအိပ်ပျက် အစားအစာ
ပါးလျလာ အင်အား။
ခြေမခိုင် ခွေယိုင်လျက်ကွယ်
အားပျက်နေလား။ ။

စိတ်ရောဂါ ဆပွားလို့
ကိုယ်လက်များနာကျင်
ခံစားရလျှင်။
တရားနှင့်ယှဉ်
နောက်တိုးဝင် ရောဂါများ။
စိတ်ကိုပင် အရင်မှတ်ကာ
ထပ်ထပ် ကုစား။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်