" ကြည်သာချမ်အေး မိုးကလေး "

ပေါ်လာနိုး
ရွယ်ခိုးပါရဲ့ ရှေမိုးညို
သည်နေပူ ဘိက္ခူဆိုက်ပါပေါ့
အိုက်လှပေါ့ဆို။
နေညိုညို
ကြိုပါကွဲ့ လေအေး။
လေညှင်းရှင် တစ်ခါပျိုးလို့ရယ်
ရေခိုးသယ် စိုစိုချမ်းပါ့ကွယ်
မှန်းရွယ်ကွဲ့ လေး။

နေပူပျိုး
ရေခိုးရယ်တဲ့ တလူလူ
မြင်ရသူ စိတ်ထင်မှားအောင်
တိမ်သားရောင် ချယ်ကာတောက်လေတော့
အာကာအောက် ဝဠာတိမ်
ဝရဇိန် ညှင်းတယ်လို့လေး။

ရှင်လေညှင်း
ရေခင်းကို တဲ့ ဆောင်ယူ
ဆော့ကလူ ချော့မြှူဖို့ ပန်ကြား
နတ်သိကြား ဒေဝါကူ
လေကြူကြူ အစပျိုးလို့
မိုးသက်မှုန် စုန်စုန်ဖြန်းပါမှ
အေးချမ်း ကွဲ့လေး။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး