စာဆိုတော်ဦးချမ်းသာအတ္ထုပ္ပတ္တိ

စာ ဆို တော်
မဟာသရေစည်သူ ဦးချမ်းသာ ၏
အတ္ထုပ္ပတ္တိ အကျဉ်း
မွေးဖွား
ဦးချမ်းသာသည် မင်းဘူးမြို့၊ အမိန့်တော်ရကြီး ဦးရွှေလှိုင် (သစ္စဒီပက ဆရာတော် ဘဒ္ဒန္တရေဝတ) နှင့် ကျောင်းဆရာမကြီး ဒေါ်ညို တို့မှ ​ကောဇာသက္ကရာဇ်​ ၁၂၆၉ ခုနှစ်​ ၊ နယုန်​လ ပြည့်​​ကျော်​ ၂-ရက်​(တနင်္လာ)​နေ့တွင်​ ​မွေးဖွားခဲ့သည်​။
ပညာ​ရေး
၁၉၂၆ ခုနှစ်​ ၊ မင်းဘူးမြို့ အင်္ဂလိပ်​ မြန်​မာ အထက်​တန်း ​ကျောင်းမှ ၁၀တန်းကို ဂုဏ်​ထူး ၂-ခုဖြင့်​ ​အောင်​သည်​။ ရန်​ကုန်​ တက္ကသိုလ်​ ပြည်​​ကျောင်း​ဆောင်​မှာ ​နေစဉ်​ စ​ကောလားရှစ်​ ရသည်​။ ၁၉၃၁-ခုနှစ်​ ရာဇဝင်​ ဂုဏ်​ထူးဖြင့်​ ဘီ​အေ ​အောင်​သည်​။ ၁၉၃၂-ခုနှစ်​ ၊ အိန္ဒိယ ပဋိညာဉ်​ခံ ဝန်​ထမ်း အိုင်​စီအက်​ (I.C.S) စာ​မေးပွဲ ​အောင်​၍​ ရွေးချယ်​ခြင်း ခံရသည်​။ အင်္ဂလန်​ပြည်​ ၊ ​အောက်​စဖို့( Oxford ) တက္ကသိုလ်​ ၊ နယူး​ကောလိပ်​ (New College)တွင်​ တက်​​ရောက်​ သင်​ကြားခဲ့သည်​။
နိုင်​ငံ့ဝန်​ထမ်း
၁၉၃၄-ခုနှစ်​ စစ်​ကိုင်း၌ အလုပ်​သင်​၊ ထိမှ မန္တ​လေး အ​ရှေ့နယ်​ပိုင်​(အမရပူရ)၊ ထို့​နောက်​ ပုသိမ်​အ​နောက်​ ​ကြေးတိုင်​ဝန်​က​လေး (Under Secretary)။ ဒုတိယ ကမ္ဘာစစ်​ ဖြစ်​စတွင်​ ရမည်းသင်း အ​ရေးပိုင်​ ၊ ​နောက်​ ပြည်​အ​ရေးပိုင်​ ။ ထို့​နောက်​ နယ်​သစ်​ဖွင့်​မင်းကြီး ရန်​ကုန်​ ။နောက်​ ပြညသူ့လုပ်​ငန်းဌာန တွဲဖက်​အတွင်းဝန်​ ၊ ဆရင်​တိုလာ ကွန်​ဖရန့်​ အတွင်း​ရေးမှူး ၊ ထို့​နောက်​ ကူးသန်း​ရောင်းဝယ်​ရေး ဌာန အတွင်းဝန်​ ၊ တွဲဖက်​၍ စသုံးလုံး ဥက္ကဌ၊ ထို့​နောက်​ ဝန်​ကြီးချုပ်​၏ အတွင်းဝန်​(၁) ၊ စ-သုံးလုံး ဥက္ကဌ အဖြစ်​ ထမ်း​ဆောင်​ခဲ့သည်​။ ၁၉၅၁ခုနှစ်​ ၊ သ​ရေစည်​သူဘွဲ့ ရရှိပြီး​နောက်​ မဟာသ​ရေစည်​သူဘွဲ့ ရရှိသည်​။
စာ​ပေအနုပညာ ပြုစု
" လက်ျာစံထား "က​လောင်​အမည်​ဖြင့်​ ​မေတ္တာ နှင့်​ သစ္စာ ၊ စာရိတ္တဂုဏ်​ရည်​ ၊ လူ့ဂုဏ်​ရည်​ စာအုပ်​များနှင့်​ " လက်​ဝဲမင်းညို " က​လောင်​အမည်​ဖြင့်​ ပ​ဒေသာရတု ၅၅ပုဒ်​ (စာ​ပေဗိမာန်​ကဗျာဆုရ) ၊ အနုပညာဂုဏ်​​မြောက်​ ရတုစပ်​ဆိုနည်း ၊ မင်းကွန်း မိုးမိတ်​ မဟာ မင်္ဂလာ ​မော်​ကွန်း ၊ ရတုပ​ဒေသာ ၅၉-ပုဒ်​တို့ အစု(၃)စု​ပေါင်း၍ " ဤအနုပညာ အလင်္ကာကျမ်း "ကို ပြုစုသည်​။ ​ရေးပြီး ပုံမနှိပ်​ရ​သေး​သော ဝတ္ထုတို​ပေါင်း များစွာရှိသည်​။ ပန်းချီအသင်း ၊ စာ​ရေးဆရာအသင်းများတွင်​ ပါဝင်​ခဲ့သည်​။ ဆီ​ဆေးပန်းချီကားများကို အ​ပျော်​တမ်း ​ရေးဆွဲ ခဲ့သည်​။ ​ဆောင်းပါးများစွာ ​ရေးခဲ့သည်​။
ဘာသာ သာသနာ​ရေး
ရတနာ သုံးပါးအား စာ​ပေအနုပညာဖြင့်​ ဂုဏ်​ပြုပူ​ဇော်​သည်​။ တိပိဋက နိကာယ အသင်းကြီး နှင့်​ အခြား ဗုဒ္ဓသာသနာပြု အဖွဲ့အစည်းများတွင်​ နာယကကြီးအဖြစ်​ ​ဆောင်​ရွက်​ခဲ့သည်​။

က​လောင်​ရှင်​ ဦးချမ်းသာ၏ အ​ကြောင်း အကျဉ်းချုပ်
ညိုမြ

ဦးချမ်းသာ (လက်​ဝဲမင်းညို)သည်​ မြန်​မာသက္ကရာဇ်​ ၁၂၆၉-ခု ၊ မင်းဘူးမြို့ ၊ ဓာတ်​​တော်​ကုန်းရပ်​တွင်​ ​မွေးဖွား သည်​။ အဘမှာ ​ရှေ့​နေ ဦး​ရွှေလှိုင်​ (ဘဒ္ဒန္တ​ရေဝတ)၊ အမိမှာ ​ဒေါ်ညို(ဆရာညို) တို့၏ တစ်​ဦးတည်း​သော သား ဖြစ်​သည်​။ သား​ယောက်ျား​လေး​မွေးတိုင်း ​သေသဖြင့်​ မင်းဘူးမြို့ ၊ ​တောရတိုက်​ ဆရာ​တော်​ကြီး ဦး​မေဓာက သားငယ်​ကို ​သေ​ဘေးမှ ချမ်းသာရာ ရ​အောင်​ " ​မောင်​ချမ်းသာ "ဟု နာမည်​ ​ပေးသည်​။ ဆန်​တစ်​ပြည်​ ​ငွေတစ်​မတ်​ဖြင့်​လည်း ဝယ်​လိုက်​သည်​။ အစ်​မသုံး​ယောက်​နှင့်​ နှမတစ်​​ယောက်​ရှိသည်​။ မင်းဘူး ဟိုက်​စကူး​ကျောင်းတွင်​ ပညာသင်​၍ ခရစ်​နှစ်​ ၁၉၂၀-ပြည့်​နှစ်​ ​ကျောင်းသား သပိတ်​ကြီးတွင်​ ၆-တန်းမှာ သပိတ်​​မှောက်​ ၍ တစ်​နှစ်​ အတန်းကျခဲ့ရ​လေသည်​။ မင်းဘူး ၁၀တန်း​ကျောင်းသားများအနက်​ ဂုဏ်​ထူးနှစ်​ခုဖြင့်​ ပထမရ၍ ၁၀တန်းကို ၁၉၂၆-ခုနှစ်​မှာ ​အောင်​သည်​။ ရာဇဝင်​ ဂုဏ်​ထူးဖြင့်​ ရန်​ကုန်​ တက္ကသိုလ်​ ပြည်​​ကျောင်း​ဆောင်​မှ ၁၉၃၁-ခုနှစ်​ တွင်​ ​အောင်​သည်​။ ၁၉၂၉-ခုမှ ၁၉၃၁-ခုအထိ ၃-နှစ်​ ​ကောလိပ်​စ​ကောလားရှစ်​ ရသည်​။ပြည်​​ကျောင်​စ​ဆောင်​ စာဖတ်​အသင်းနှင့်​ စာ​စောင်​ကို စတင်​ တည်​​ထောင်​ ထုတ်​​ဝေသူများအနက်​ ​ခေါင်း​ဆောင်​သူတစ်​ဦးအဖြစ်​ ပါဝင်​ခဲ့သည်​။ ​ကောလိပ်​တွင်​ ​ရှေးဦးဆုံး ပြည်​​ကျောင်း​ဆောင်​ စာဖတ်​အသင်းမှ ပင်​နီအင်္ကျီ စတင်​ဝတ်​ဆင်​ပြီး ​ကျောင်းအုပ်​ကြီး စ​လော့ ၊ အ​ဆောင်​မှူးများနှင့်​ ဧည့်​သည်​များအား တန်​​ဆောင်​တိုင်​ တွင်​ ဘီယာနာ ကဖီးကမုန့်​ ၊ ​ကော်​ဖီဝယ်​ပြီး ဧည့်​ခံ​သော အစဉ်​အလာကို ဖျက်​၍ မြန်​မာလက်​ဖက်​ရည်​ကြမ်း ၊ မုန့်​ဟင်းခါး ၊ ဘူးသီး​ကျော်​ဖြင့်​ ဧည့်​ခံ​ကျွေး​မွေးပွဲ လုပ်​ခဲ့သည်​။
`တက္ကသိုလ်​´၊ `ဝိဇ္ဇာ´၊`သိပ္ပံ´၊`​ကျောင်း​ဆောင်​´စသည့်​ မြန်​မာ့ ​ဝေါဟာရများကို အင်္ဂလိပ်​ ​ဝေါဟာရများအစား စတင်​၍ စာနယ်​ဇင်းတွင်​ ​ကြေညာသုံးစွဲ ​ခေါ်​ဝေါ်ခြင်း ပြုခဲ့၍ ရယ်​ရွှင်​ဖွယ်​ မဂ္ဂဇင်း မှ တွတ်​နီ အမည်​ခံနှင့်​ စာနယ်​ဇင်းတို့တွင်​ အကြီးအကျယ်​ အ​တော်​ကြာ က​လောင်​တိုက်​ပွဲ ကို ဦး​ဆောင်​ ပါဝင်​ခဲ့သည်​။ ထိုကိစ္စနှင့်​ပတ်​သက်​ပြီး ကာတွန်းတိုက်​ပွဲတွင်​လည်း ဇာတ်​​ကောင်​ဖြစ်​ခဲ့ရသည်​။ ၁၉၃၂-ခုနှစ်​ ဇန်​န၀ါရီ လဆန်းတွင်​ အိုင်​စီအက်​စ်​ စာ​မေးပွဲ ဝင်​၍ ၁၉၃၂-ခု ဩဂုတ်​လတွင်​ အင်္ဂလန်​နိုင်​ငံသို့ သွား​ရောက်​ပြီး ​အောက်​စဖို့ တက္ကသိုလ်​ နယူး​ကောလိပ်​ တွင်​ နှစ်​နှစ်​ကြာ အိုင်​စီအက်​စ်​ အစမ်းခန့်​သင်​တန်း တက်​ခဲ့သည်​။နယူး​ကောလိပ်​ ​လှေအသင်းတွင်​ ပထမ ၈-​ယောက်​စီး ​လှေကို ပဲ့ကိုင်​ခဲ့သည်​။ နှစ်​နှစ်​အတွင်း ပဲ့သုံးခုကို ဆုအဖြစ်​ရခဲ့သည်​။ ပထမဆုံး မြန်​မာလူမျိုးထဲမှ အင်္ဂလန်​နိုင်​ငံမှ ကမ္ဘာ​ကျော်​ လီယင်​ဒါ ကလပ်​ ​လှေ​လှော်​အသင်းကြီး၏ အသင်းဝင်​ဖြစ်​ခဲ့သည်​။ ​အောက်​စဖို့ဒ်​ တက္ကသိုလ်​ တွင်​ ပထမဦးဆုံး ဗုဒ္ဓဘာသာ အသင်းကို ထိုင်းနိုင်​ငံမှ ​ကျောင်းသား ၊ တရုပ်​​ကျောင်းသား ၊ အိန္ဒိယ ​ကျောင်းသား အချို့တို့ကို စည်းရုံးတည်​​ထောင်​ခဲ့ပြီး ထိုအသင်း၏ ​ဆော်​ဩသူနှင့်​ အတွင်း​ရေးမှူး အဖြစ်​ နှစ်​နှစ်​ ​ဆောင်​ရွက်​ခဲ့သည်​။ စစ်​ကိုင်း ၊ မန္တ​လေး ၊ အမရပူရ ၊ ပုသိမ်​ ၊ ပဲခူး ၊ ရန်​ကုန်​ အတွင်းဝန်​ရုံး ၊ ရမည်းသင်း ၊ ပြည်​ ၊ ​ကျောက်​ဆည်​ ၊ မင်းဘူး ၊ မ​ကွေး စသည့်​ ခရိုင်​များတွင်​ နယ်​ပိုင်​ အ​ရေးပိုင်​ ခရိုင်​ဝန်​ စသည်​ဖြင့်​ အမှုထမ်းခဲ့သည်​။ အမရပူရ တွင်​ နယ်​ပိုင်​ လုပ်​စဉ်​က ကား​မောင်း​သောအခါ ​ခွေးများကို အမြဲလိုလို နင်းမိတတ်​သဖြင့်​ `​ခွေးနယ်​ပိုင်​´ဟုလည်း​ကောင်း၊ ပဲခူးတွင်​ နယ်​ပိုင်​လုပ်​စဉ်​ကလည်း ကျွဲစီးပြီး ကျိုက်​ပဒိုင်​ ကွင်းဆင်းစစ်​​ဆေးခဲ့၍ `ကျွဲနယ်​ပိုင်​´ဟု လည်း​ကောင်း အမည်​တွင်​ခဲ့သည်​။ အုပ်​ချုပ်​​ရေး လုပ်​ကိုင်​ရာတွင်​ ​ရောက်​ရာ​ဒေသ၌ ပစ္စည်းရှင်​ ၊ ဓနရှင်​ အချို့က ဥပ​ဒေ အရ တိတိကျကျ လုပ်​သည်​ကို ဆင်းရဲသားဘက်​သို့ လိုက်​တတ်​သည်​ဟု ယူဆ၍ မကြိုက်​ကြ​ပေ။ ဘိလပ်​က ရန်​ကုန်​ပြန်​​ရောက်​သည့်​​နေ့မှာပင်​ ဘုရင်​ခံ၏ ​နေ့လည်​စာစားပွဲသို့ ပင်​နီရင်​ဖုံး ၊ ပုဆိုး​တောင်​ရှည်​ ၊ ​ခေါင်း​ပေါင်းနှင့်​ တက်​ခဲ့၍ ဘုရင်​ခံက နှုတ်​ဆက်​ရုံပဲ နှုတ်​ဆက်​၍ စကားမ​ပြောဘဲ ထားခြင်းခံခဲ့ရသည်​။ ​တောတက်​သည့်​အခါမှ လွဲ၍ ရုံးခန်းတွင်​လည်း​ကောင်း ၊ တရားခွင်​တွင်​လည်း​ကောင်း မြန်​မာအဝတ်​အစား အပြည့်​အစုံကို အမြဲဝတ်​ပြီးမှ တက်​​လေ့ရှိသည်​။
စစ်​မဖြစ်​မီက အခွန်​​တော်​ ဌာန ဝန်​ကြီး ဆာ​ပေါ်ထွန်းက ဥက္ကဌ၊ အဖွဲ့ဝင်​အဖြစ်​ သခင်​မြတို့ ပါဝင်​​ဆောင်​ရွက်​ရ​သော လယ်​သီးစားနှုန်း ကန့်​သတ်​​ရေး ၊ စုံစမ်း​ရေး​ကော်​မရှင်​၏ အတွင်း​ရေးမှူး အဖြစ်​လည်း​ကောင်း ၊ ဝန်​ကြီး(ပြည်​) ဦးဘသန်း၏ ကူးသန်း​ရောင်းဝယ်​ ​ရေးနှင့်​ စက်​မှုလက်​မှုဌာနတွင်​ လက်​​ထောက်​အတွင်းဝန်​ (under Secretary)အဖြစ်​ လည်း​ကောင်း ​ဆောင်​ရွက်​၍ စစ်​ကြီးပြီးဆုံးပြီး​နောက်​ ဆာ​မောင်​ကြီးနှင့်​ (လူငယ်​)ဦးဘချမ်းတို့ ဝန်​ကြီးအဖြစ်​ ထမ်း​ဆောင်​သည့်​ ​ဆောက်​လုပ်​​ရေးနှင့်​ ပြန်​လည်​ထူ​ထောင်​​ရေး ဌာနတွင်​ တွဲဖက်​ အတွင်းဝန်​အဖြစ်​လည်း​ကောင်း ၊ ဗိုလ်​ချုပ်​​အောင်​ဆန်း၏ ဆိုရင်​တိုဗီလာ ကွန်​ဖရင့်​တွင်​ အတွင်း​ရေးမှူး အဖြစ်​လည်း​ကောင်း ၊ ဝန်​ကြီးဦးဘဝင်း ၊ ဝန်​ကြီး ဟင်္သာတ ဦးမြတို့၏ ကူးသန်း​ရောင်းဝယ်​ ​ရေးဌာနတွင်​ တွဲဖက်​ အတွင်းဝန်​နှင့်​ စသုံးလုံး ဥက္ကဌ အဖြစ်​ လည်း​ကောင်း ၊
နောက်​ဆုံး ဝန်​ကြီးချုပ်​ ဦးနု၏ အတွင်းဝန်​(၁)နှင့်​ စသုံးလုံး ဥက္ကဌ အဖြစ်​လည်း​ကောင်း ၊ မင်းဘူး​တောင်​ပိုင်း အမတ်​အဖြစ်​လည်း​ကောင်း နိုင်​ငံ​ရေး ​လောကသို့ ဝင်​ခဲ့သည်​။ (ပထစ)အစိုးရလက်​ထက်​ တွင်​ အမျိုးသားစီမံကိန်းဌာန ပါလီမန်​အတွင်းဝန်​အဖြစ်​ ထမ်း​ဆောင်​​နေစဉ်​ပင်​ ကုလသမဂ္ဂ ညီလာခံ သို့ အစိုးရကလွှတ်​​သော မြန်​မာအဖွဲ့တွင်​ အဖွဲ့ဝင်​အဖြစ်​ သွား​ရောက်​ခဲ့သည်​။ တစ်​ပါတည်း ပင်​ ရင်းနှီးမြှုတ်​နှံ​ရေး ​ကော်​မတီ၏ ဥက္ကဌ အဖြစ်​ အ​မေရိကန်​ပြည်​​ထောင်​စု ၊ က​နေဒါနိုင်​ငံနှင့်​ အင်္ဂလန်​စသည့်​ နိုင်​ငံများတွင်​ ​ငွေရင်းနှီးမြှုတ်​နှံ​ရေး ကိစ္စများကို ​လေ့လာခဲ့​ပေသည်​။
အနုပညာ ဖြစ်​သည့်​ ဆို ၊ တီး ၊ က ၊ ပန်းချီ စသည့်​ အနုစာ​ပေကို အထူး ဝါသနာပါသည်​။ ငယ်​စဉ်​အခါက ရပ်​ကွက်​တွင်​ ​မောင်းဆိုင်း​ထောင်​၍ မြို့​ပေါ်သာ​ရေးနာ​ရေးများတွင်​ ပါဝင်​ကူညီခဲ့သည်​။ ငယ်​စဉ်​ကပင်​ ​ရေ​ဆေးပန်းချီကို လိုက်​စားခဲ့သည်​။ ​ကောလိပ်​မှာ ဆရာကြီး ဦးဘဥာဏ်​ထံ ​ရေ​ဆေးပန်းချီ ပညာကိုလည်း​ကောင်း ၊ အငြိမ်းစား ယူပြီး​နောက်​ ဆရာကြီးဦး​ငွေကိုင်​ ၊ ဆရာကြီးဦးစံဝင်း ၊ ဆရာကြီးလှရှိန်​တို့ ထံမှ ဆီ​ဆေး ပန်းချီပညာကို ဆည်းပူးခဲ့သည်​။
အနုပညာ ကဗျာစသည်​တို့ကို ဆရာကြီး ပုဂံဝန်​​ထောက်​မင်း ဦးတင်​၏ တပည့်​အဖြစ်​ ဥပစာတန်းမှ စသင်​ခဲ့ရ​သော်​လည်း ဆရာကြီးနှင့်​နီးကပ်​စွာ ဆည်းပူးခွက့်​ မရခဲ့​ပေ။ ဂျပန်​​ခေတ်​ စစ်​ကိုင်း​တောင်​ရိုးမှာ စစ်​​ပြေးအဖြစ်​​ရောက်​မှ ဆရာကြီး ပုဂံဝန်​​ထောက်​မင်း ဦးတင်​ပြုစု​သော ကဗျာဗန္ဓသာရကျမ်း ၊ ဆရာကြီးဦး​ဖေတင်​​မောင်​ ပြုစု​သော မြန်​မာစာ​ပေသမိုင်းနှင့်​ မန်​လည်​ဆရာ​တော်​ကြီး၏ မာဃ​ဒေဝ လင်္ကာသစ်​နှင့်​ ပျို့များ စသည်​တို့ကို ​လေ့လာခွင့်​ရပြီး​နောက်​ ပ​ဒေသာရတု ကိုစပ်​ဆိုခဲ့သည်​။ စာ​ပေဗိမာန်​ ကဗျာဆုရခဲ့သည်​။ ဆရာကြီး​ရွှေပြည်​ ဦးဘတင်​ထံမှလည်း မြန်​မာ့သမိုင်းနှင့်​ ယဉ်​​ကျေးမှု ကို ဆည်းပူးခဲ့သည်​။ အနုပညာ၏ အ​ခြေခံသ​ဘောတို့ကို အနုပညာဂုဏ်​ရည်​စာအုပ်​တွင်​ ​ရေးသားပြုစုခဲ့သည်​။ ထိုစာအုပ်​မှာ တက္ကသိုလ်​ ဥပစာတန်းတွင်​ အ​ထွေ​ထွေ မြန်​မာစာအဖြစ်​ နှစ်​နှစ်​ ပြဌာန်းသတ်​မှတ်​ခဲ့သည်​။" လက်ျာစံထား "အမည်​ဖြင့်​ ​" မေတ္တာ သစ္စာ "၊ " လူ့ဂုဏ်​ရည်​ "၊ "စာရိတ္တဂုဏ်​ရည်​ " စသည့်​စာအုပ်​များကို ​ရေးသားပြုစုခဲ့သည်​။ စစ်​ကြီးမဖြစ်​မီကလည်း သိပ္ပံ ​မောင်​ဝ(ဦးစိန်​တင်​)၏ တိုက်​တွန်းချက်​အရ ဂန္တ​လောကတွင်​ ရံဖန်​ရံခါ ​ရေးသားသည်​။ နဝ​ဒေးမဂ္ဂဇင်းမှာ ​ရေးသားခဲ့​သော "​ ဖေခဲ့ ၊ ​မြေနှင့်​မိုး ၊ ​အောင်​ဖြိုး မြင်​စမ်းချင်​လှ " ဝတ္ထုများကဲ့သို့ သံ​ချိုဦး​ကျော်​လှ၏ ​ဆောင်းပါးများ ၊ ရာဇဝင်​ ဝတ္ထုတိုများကို သင့်​ဘဝ မဂ္ဂဇင်း တွင်​ ရံဖန်​ရံခါ ​ရေးသားသည်​။
ဇနီးမှာ စည်​သူဦးဘတင်​ (ချပ်​သင်း)T.P.S နှင့်​ ​ဒေါ်သိန်းတို့၏ သမီး ​ဒေါ်သစ်​သစ်​ ဖြစ်​သည်​။သား ၅-​ယောက်​ ထွန်းကားသည်​။ ဦးချမ်းသာ ကို ပြည်​​ထောင်​စု အစိုးရက " သ​ရေစည်​သူဘွဲ့ " ချီးမြှင့်​ပြီး ၊ ​နောက်​ထပ်​ ဆင့်​၍" မဟာသ​ရေစည်​သူဘွဲ့ "စသည်​တို့ကို ချီးမြှင့်​ခဲ့သည်​။ ဝါသနာက အနုပညာ ၊ လုပ်​ချင်​တာက နိုင်​ငံ​ရေး ၊ အကျိုး​ပေးက အကျိုး​ပေးက အုပ်​ချုပ်​​ရေး ဖြစ်​သည်​။ ပင်​ကိုယ်​ဝါသနာက တခြား ၊ လုပ်​ချင်​ဖြစ်​ချင်​တဲ့ ဆန္ဒက တစ်​မျိုး ၊ အကျိုး​ပေးတာ တစ်​ဖုံ ၊ လူတစ်​​ယောက်​ထဲ သုံမျိုး ဆုံ​နေ​ပေ​တော့သည်​။ ရင်းနှီး သူ သူငယ်​ချင်း များကမူ P ပီ(၄) လုံး မက P ပီ(၆)လုံး ဟု ​ခေါ်ကြသည်​။
1.Public Servant
2.Police
3.Painter
4.Poet
5.Politician
6.Prisoner ဟု ​နောက်​ထပ်​ P နှစ်​လုံးတိုးခြင်း ဖြစ်​သည်​။ ​နောက်​ဆုံး ဘဝမှာ ၄-နှစ်​နှင့်​ ၃-လ​ကျော်​ ထိန်းသိမ်း ခြင်းခံရသည်​။ အ​တွေ့အကြုံလည်း စုံ​လေပြီ ။ ယခုစာအုပ်​တွင်​ပါသည့်​ ကိုယ်​​တွေ့ အ​တွေ့အကြုံများသည်​ သူ့ဘဝ၏ အ​တွေ့အကြုံများမှ တစ်​စိတ်​တစ်​​ဒေသ မျှသာ ဖြစ်​​ပေသည်​။ ဘဝခရီး တစ်​​ထောက်​၏ အနှစ်​(၄၀) ခရီး မှတ်​တိုင်​တစ်​တိုင်​မျှသာ ဖြစ်​​ပေသတည်း။

" ညိုမြ "

အိုင်​စီအက်​စ်​ ဦးချမ်းသာ ၏ ​ဒုတိယ​မြောက်​ သားဖြစ်​သူ ယခု ​ပေ့မှ ​ကျေးဇူးရှင်​ ဘဘ ဦးရဲ​ခေါင်​ညွန့်​ က​လောင်​အမည်​ " မောင်​သစ္စာ မြန်​မာပြည်​သား " ပင်​ဖြစ်​ပါသည်​။
ဖခင်​ကြီး ၏ ​ကျေးဇူး သိတတ်​စွာ ဖြင့်​ ​ရေးသားထုတ်​​ဝေခဲ့​သော ဖခင်​ကြီး ၏စာ​ပေများကို လက်​လှမ်းမီ သ​လောက်​ ပြန်​လည်​ ထုတ်​​ဝေပြုစု လျက်​ ရှိပါသည်​။

မြန်​မာပြည်​သူပြည်​သားအ​ပေါင်း
ကိုယ်​စိတ်​နှစ်​ပါး ရွှင်​လန်းချမ်း​မြေ့ပါ​စေ

"​မောင်​သစ္စာ "
(မြန်​မာပြည်​သား )

တင်​ပြသူ

"သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်