မြတ်ဓမ္မပွားများခြင်း

" မြတ်​ဓမ္မ ပွားများခြင်း "

ဘဝအ​ရေး ​တွေးမိပြန်​​တော့
သေ​ဘေးတွက်​ ​သောကကြွယ်​။
ဝမ်းစာရယ်​ အဝတ်​စားနှင့်
နေသား ကျ ​အောင်​ကွယ်​။
တစ်​ဘဝလုံး ကြိုးစားရှာတယ်
ဇရာရွယ်​ သည်​ချိန်​ထိ။
သံသရာ ဘဝဝဲမှာ
လည်​မြဲ လည်​၏။ ။

စိတ်​အ​ခြေ ရုပ်​တရား
ဓမ္မများ ​လေ့လာ။
သံသရာ ဒီဝဋ်​​ဘေးက
လွတ်​​ရေးတွက်​ ပါ။
ကောင်းမှုစိတ်​ ဒါနအဖြာဖြာ
စေတနာ ဖြင့်​ လှူဒါန်း။
သိပညာ မျှ​ဝေ​ပေးလို့
တွေးကျင့်​ သည့်​လမ်း။ ။

ဘယ်​​နေရာ ဘယ်​စခန်း
ဘယ်​လမ်း​ရောက်​ အသိမကြွယ်​။
စိတ်​ထားဖြူ သူ​တော်​ထုံးကို
ကျင့်​တုန်း ပါ့ကွယ်​။
ဇရာဖြင့်​ တဏှာဖယ်
ငယ်​ရွယ်​သူ ဟုတ်​ဘဲ။
ကြည်​ညိုစွာ မြတ်​တရားကို
ပွားများ လျက်​ပဲ။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်