ကြာနွယ်ရိုးမောင်ချိုးလို့လာ
" ကြာနွယ်ရိုးမောင်ချိုးလို့ လာ "
ရေနံ့သာ မြဆီလူး
ပျံ့လူးငယ် ငွေကြာယံ။
ကန်ပတ်လည် ခရေရိပ်
မှေးအိပ်လို့ လေညင်းစံ။
ရွာထိပ်က ကြာဖြူကန်
တင်ရေခံ ပြည့်လွှမ်း။
ဖူးစုံနီ လွင်ကြည်ကြည်နဲ့
စီရီကာ ကြာငုံဖူးရယ်
မြူးစွင့်ပြည့်လန်း။ ။
ရေကသိုဏ်း
ညွှတ်ကိုင်းကြ မြကြာဖြူ။
ကန်ရေပြင် ရေသင်ဖြူးမှာ
ပြန့်လူးလွင့်မြှူ။
ကြာဖြူဖြူ
ခူးဆွတ်ယူ ကြူနမ်း။
ချစ်သူထံ ချော့မြှူပေးဖို့
တေးဆိုရင်းလှမ်း။ ။
ကြာဖြူသိုက်
ပွေ့ပိုက်လို့ ဆောင်လာ။
ရေစိုစို ကြာနွယ်ရိုးကို
မောင်ချိုးလို့သာ။
ချစ်ဦးငယ် ညိုပြာပြာ
ခွန်းချိုသာ ကြည်စိမ့်သန်း။
နီပြေလွင် ကြာဖြူညင်းတယ်
သင်းပျံ့ထုံမွှမ်း။
" သစ်ရိပ်ညို "
ရေနံ့သာ မြဆီလူး
ပျံ့လူးငယ် ငွေကြာယံ။
ကန်ပတ်လည် ခရေရိပ်
မှေးအိပ်လို့ လေညင်းစံ။
ရွာထိပ်က ကြာဖြူကန်
တင်ရေခံ ပြည့်လွှမ်း။
ဖူးစုံနီ လွင်ကြည်ကြည်နဲ့
စီရီကာ ကြာငုံဖူးရယ်
မြူးစွင့်ပြည့်လန်း။ ။
ရေကသိုဏ်း
ညွှတ်ကိုင်းကြ မြကြာဖြူ။
ကန်ရေပြင် ရေသင်ဖြူးမှာ
ပြန့်လူးလွင့်မြှူ။
ကြာဖြူဖြူ
ခူးဆွတ်ယူ ကြူနမ်း။
ချစ်သူထံ ချော့မြှူပေးဖို့
တေးဆိုရင်းလှမ်း။ ။
ကြာဖြူသိုက်
ပွေ့ပိုက်လို့ ဆောင်လာ။
ရေစိုစို ကြာနွယ်ရိုးကို
မောင်ချိုးလို့သာ။
ချစ်ဦးငယ် ညိုပြာပြာ
ခွန်းချိုသာ ကြည်စိမ့်သန်း။
နီပြေလွင် ကြာဖြူညင်းတယ်
သင်းပျံ့ထုံမွှမ်း။
" သစ်ရိပ်ညို "
Comments
Post a Comment