လယ်ယာတော

" လယ်​ယာ​တော "

လယ်​​စောင့်​တဲ
လယ်​ထဲမှာတဲ့ ခပ်​ယိုင်​ယိုင်​။

လယ်​ကွင်းပြင်​ တ​ခေါ်​လောက်​က
မိုး​အောက်​ မှာထိုင်​။

ကောက်​လှိုင်းစည်း အစိုင်​စိုင်
ကွင်းလယ်​ပိုင်​ ​မြေတလင်း။

ကောက်​ဆွ​ဟန်​ချီချီ
ဘန်းစုံညီ ​လေသယပ်​ကယ်
ရိုးပြတ်​ နှင်​ရင်း။ ။

" ​ကောက်​သင်း​ကောက်​စို့ "

သည်​တစ်​မိုး
လွှတ်​တိုးထွက်​ စပါး​ရွှေ။

မြေဆီ​ရေ အလျှံဖြိုးလို့
မိုးလွတ်​ ကွဲ့လေ။

ကောက်​သင်း​ကောက်​ သွားစို့​လေ
ကျန်​​နေတဲ့ လယ်​စပါး။

ပျို​လေးခင်​ကိုရှင်
လယ်​ကွင်းတွင်​ လူပျို​ပေါက်​တို့
စ​ နောက်​ ကြည့်​စား။ ။

" ​ကောက်​သစ်​စားပွဲ "

ကောက်​သစ်​ စားမတဲ့
ရွာသားတို့ စုရုံး​နေ။

အောင်​ပြီ​လေ ​ခေါင်​​ရေအိုးနဲ့
တိုး ​ဝှေ့ က မ​လေ။

မုန့်​အိုးခင်း အ​ထွေ​ထွေ
ကောက်​ညှင်း​တွေ ထည့်​​ပေါင်း။

နှဲ လင်းကွင်း ပု​လွေ ဗုံ
ရွာလူစုံ မီးပုံပွဲ ဝယ်
နွှဲကြ ​စေကြောင်း။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်