ပြည်ထောင်စု

" ပြည်​​ထောင်​စု "

ရဲရင့်​မာန်​ဟုန်​ ၊ သက်​ပုံဆက်​နှင်း
ပြည်​တွင်းပြည်​ပ ၊ နှစ်​ဋ္ဌာနက
ထကြွရန်​စွယ်​ ၊ တို့ကာကွယ်​။

ထကြွရန်​စွယ်​ ၊ ရင်​ဝယ်​​လောင်​မြိုက်
တိုက်​ခိုက်​ငြိတွယ်​ ၊ ဒုက္ခကြွယ်​မည်
မျိုးနွယ်​​သွေးချင်း မြန်​ပြည်​တွင်း။

မျိုးနွယ်​​သွေးချင်း ၊ ညီရင်းအစ်​ကို
မလိုတိုက်​ပွဲ ၊ လက်​ချင်းတွဲလို့
စားပွဲဝိုင်းဝယ်​ ညှိနှိုင်းမယ်​။

စားပွဲဝိုင်းဝယ်​ ၊ တင့်​တယ်​ခန့်​ငြား
လျပါးမာန်​စွယ်​ ၊ ချစ်​စဖွယ်​လျှင်
ရည်​ရွယ်​ချက်​များ ခိုင်​မာထား။

ရည်​ရွယ်​ချက်​များ ၊ မမှား​သေချာ
ညီညာတက်​လှမ်း ၊ လက်​တစ်​ကမ်းမှာ
စိတ်​ဝမ်းညီ​စေ အိုချစ်​​ဆွေ။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်

သံခိပ်