ဆင်တတ်တော့လှလျက်သာ

"ဆင်တတ်တော့ လှလျက်သာ "

ရုန့်ရင်းငယ် ကြမ်းထော်သည်
အကြမ်းနော် လွန်ကြည်မွေ့
မြင်တွေ့ရ သင့်လှသည်။
ဆိုးသွမ်းလို့ ညစ်ညမ်းခွင်ဝယ်
စက်ဆုပ်ဘွယ် စာတကြောင်းကို
ယက်လုပ်ထည် သာယာလျောင်းသလို
အဆင်ကောင်း ဖွင့်ဟသီ။
ဆင်သလေ့ စာပန်းချီ
တီတီတာ ချိုငြား။
တန်သင့်တော် ဖတ်ပျော်စရာသို့
ခြယ်မုန်းရှာ စံညွန့်လူးလျက်ကွယ်
ဥာဏ်မြူးသင့်သား။ ။

ဘီလူးမည် လွန်ရက်စက်
အစဉ်ဆက် ကြောက်မက်ဖွယ်
ကျည်းတန်လျက်ကွယ်။
ဤသည်သို့ ကြမ်းရင့်ထည်
ဘီလူးကွယ် သည်သရုပ်ကို
ထုတ်ပြရာဝယ်။
ပန်းပုကျော် ပညာသည်
လက်ရာထည် ထုဆစ်လောင်း။
အကြမ်းယဉ် အကြမ်းလှဖြင့်
ကဗျာလှ ဖွဲ့မျိုးဖန်လျှင်
နတ်မျိုးဟန် ကာရန်ခတ်သလို
ဖတ်ဖို့လွန်ကောင်း။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်