ရှေးစာပေတန်ဘိုးထိန်သိမ်းသင့်သည်

" ရှေးစာပေ တန်ဘိုး ထိန်းသင့်သည် "

ရက်ကိုလငင် ၊ နှစ်သစ်ထွင်လျက်
ခုတွင်ဆယ်စု ၊ ရာထောင်ပြု၍
ရာစုနှစ်ပေါင်း ၊ ခေတ်ကိုကျောင်း​သော်
စာဟောင်းပေမွန် ၊ သီးပွင့်သွန်သား
သာလွန်တင့်စွာ ၊ ချိန်အခါသင့်
လျော်စွာအားဖြင့် ၊ ငွားငွားစွင့်စွင့်
ဝင့်ဝင့်ကြွားကြွား ၊ ပွားများဖွင့်ဖွင့်
တင့်တင့်တယ်တယ် ၊ စာပေနယ်ထဲ
ရည်ရွယ်တည်တံ့ ၊ သန့်ပြန့်တည်ကြည်
စာပေသည်ကား ၊ အကျိုးများစွာ
တိုးပွားရှေ့ဆောင် အောင်လိမ့်မည်။

ပေစာပျက်ယွင်း ၊ စာပေရင်းနှင့်
သွေကွင်းအနာဂတ် ၊ မျိုးဆက်ပြတ်သော်
ထင်ဟပ်ခေတ်ဆန်း ၊ ပျက် သွမ်း သွန်း ဖောက်
ရောပြွမ်းနှောက်ကြုံ ၊ အံ့လောက်ဂုဏ်ထောက်
မျိုးဂုဏ်ပျောက်လင့် ၊ စာပေမြင့်မှ
သွင်တင့်လူမျိုး ၊ တို့လူမျိုးသာ
ကြိုးကြိုးစားစား ၊ ရိုးရိုးသားသား
တိုးပွားဂုဏ်ရည် တည်လိမ့်မည်။

မြန်မာအစ ၊ တကောင်းကပင်
သရေခေတ္တရာ ၊ သထုံသာဖြင့်
ပုဂံ ပင်းယ ၊ အင်းဝ ပဲခူး
တောင်ငူ ညောင်ရမ်း ၊ ဒု အင်းဝခေတ်
ကုန်းဘောင်စသည် ၊ ခေတ်အလီလီတွင်
တည်မှီစာပေ ၊ တတ်ပွန်စေလို့
ယနေ့တို့သား ၊ ညီနောင်များမှာ
ပြည့်အားစာပေ ၊ မြန်မာပြေဟု
တွင်စေမရှုံး ၊ တကမ္ဘာလုံးတွင်
တို့သုံးတို့စာ ၊ တို့ မြန်မာဟု
တို့စာပေကား မရိုင်းပြီ။
တို့ခေတ်နောင်သား ဆင့်ပွားမည်။
ကမ္ဘာတည်သ၍ တွေ့လိမ့်မည်။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်