ရွှေတိဂုံစေတီဦး
" ရွှေတိဂုံ စေတီဦး "
ရွှေတိဂုံ ကြုံအောင်ဖူးလို့
ကြည်နူးစွ ခဝပ်ချီ။
ထွဋ်မြတ်စွာ သဒ္ဓါတရားဖြင့်
ညွှတ်တွား စိတ်ရည်။
ရင်ပြင်တွင်း ရှင်းသန့်ကြည်
ရွှေစေတီ တောင်တော်မြတ်ဘုရား။
သာယာရွှင် လေပြည်ညင်းရယ်
ရှင်းသန့် ဝပ်တွား။ ။
ယုံကြည်စွာ မြန်ပြည်သားတို့
ဝံ့ကြွားသည့် နိမိတ်ဆောင်။
သာသာနာ ရောင်ဝါထွန်းတဲ့
ကျွန်း လင်္ကျာ တောင်။
မြတ်ဘုရား ဂုဏ်ရည်ရောင်
အောင်ပါစေ ညောင်ရေလောင်း။
ရွှေဆိုင်းလျံ ရွှေပြားချပ်တို့
ဆက်ကပ် ဆုတောင်း။ ။
ကမ္ဘာမှာ သဒ္ဓါပြတ်စွာ
ဆက်ကပ်လို့ လှူကြသည်။
မင်းရာဇာ အဆက်ဆက်
ကမ်းလက် ညီညီ။
အေးငြိမ်းသည့် မြန်မာပြည်
ရွှေစေတီ ရွှေအတိ။
ရွှေတိဂုံ စေတီမြတ်မယ်
မှတ်ကျောက် တင်၏။ ။
မြန်မာပြည် တစ်နံတစ်လျားက
ညီနောင်ဖွား အလီလီ။
စုံစုံညီ စိတ်ကြည်နူးစွာ
ဦးတိုက် ကြသည်။
မြန်မာတို့ စံဌာနီ
သာကီဝင် တို့သွေး။
ရွှေတိဂုံ စေတီဖူးကာ
ဦးခိုက် စို့လေး။
" သစ်ရိပ်ညို "
ရွှေတိဂုံ ကြုံအောင်ဖူးလို့
ကြည်နူးစွ ခဝပ်ချီ။
ထွဋ်မြတ်စွာ သဒ္ဓါတရားဖြင့်
ညွှတ်တွား စိတ်ရည်။
ရင်ပြင်တွင်း ရှင်းသန့်ကြည်
ရွှေစေတီ တောင်တော်မြတ်ဘုရား။
သာယာရွှင် လေပြည်ညင်းရယ်
ရှင်းသန့် ဝပ်တွား။ ။
ယုံကြည်စွာ မြန်ပြည်သားတို့
ဝံ့ကြွားသည့် နိမိတ်ဆောင်။
သာသာနာ ရောင်ဝါထွန်းတဲ့
ကျွန်း လင်္ကျာ တောင်။
မြတ်ဘုရား ဂုဏ်ရည်ရောင်
အောင်ပါစေ ညောင်ရေလောင်း။
ရွှေဆိုင်းလျံ ရွှေပြားချပ်တို့
ဆက်ကပ် ဆုတောင်း။ ။
ကမ္ဘာမှာ သဒ္ဓါပြတ်စွာ
ဆက်ကပ်လို့ လှူကြသည်။
မင်းရာဇာ အဆက်ဆက်
ကမ်းလက် ညီညီ။
အေးငြိမ်းသည့် မြန်မာပြည်
ရွှေစေတီ ရွှေအတိ။
ရွှေတိဂုံ စေတီမြတ်မယ်
မှတ်ကျောက် တင်၏။ ။
မြန်မာပြည် တစ်နံတစ်လျားက
ညီနောင်ဖွား အလီလီ။
စုံစုံညီ စိတ်ကြည်နူးစွာ
ဦးတိုက် ကြသည်။
မြန်မာတို့ စံဌာနီ
သာကီဝင် တို့သွေး။
ရွှေတိဂုံ စေတီဖူးကာ
ဦးခိုက် စို့လေး။
" သစ်ရိပ်ညို "
Comments
Post a Comment