ကဗျာစာပေတို့စာပေ
" ကဗျာ စာပေ တို့စာပေ "
အတွေး စုံဆန် ၊ မေတ္တာ ခံဖြင့်
စာဟန် ချယ်သ ၊ ကဗျာ လှတွေ
မိုးကျ ရွှေကိုယ် ၊ ပါးလျား၏။
မိုးကျ ရွှေကိုယ် ၊ စာညွှန်း ဆိုလည်း
ကြုံထို ခဏ ၊ အိပ်မက် မျှပင်
တည်ကြ မြူသွင် ၊ ပါးလျား၏။
တည်ကြ မြူသွင် ၊ မဆင်ခြင် ဘဲ
ငါလျှင် ငါဘဲ ၊ မာန ခဲက
ရေထဲ ဆင်းသို့ ၊ ပါးလျား၏။
ရေထဲ ဆင်းသို့ ၊ ပွားကံ ချို့တဲ့
ရင်ဆို့ ပေစာ ၊ ခါ တစ်ရာ ရေး
ယဉ်ရှာ စိတ်ကူး ၊ ပါးလျား၏။
ယဉ်ရှာ စိတ်ကူး ၊ စာသံ ကြူးလည်း
စိတ်ကူး ယဉ်လှ ၊ သာမည သာ
ဘဝ ကောင်းဆိုး ၊ ပါးလျား၏။
ဘဝ ကောင်းဆိုး ၊ ကံ သုံးမျိုး တွင်
မြတ်နိုး ဓမ္မ ၊ အမှန် ပြစေ
ဘဝ ခြေခံ ၊ ကောင်းဖို့တည်း။
ဘဝ ခြေခံ ၊ စိတ်ကူး ဥာဏ်မြှင့်
ကောင်းကံ တင့်စေ ၊ တို့ စာပေ ဖြင့်
လူထွေ စိတ်မှန် ၊ ကောင်းဖို့တည်း။ ။
" သစ်ရိပ်ညို "
အတွေး စုံဆန် ၊ မေတ္တာ ခံဖြင့်
စာဟန် ချယ်သ ၊ ကဗျာ လှတွေ
မိုးကျ ရွှေကိုယ် ၊ ပါးလျား၏။
မိုးကျ ရွှေကိုယ် ၊ စာညွှန်း ဆိုလည်း
ကြုံထို ခဏ ၊ အိပ်မက် မျှပင်
တည်ကြ မြူသွင် ၊ ပါးလျား၏။
တည်ကြ မြူသွင် ၊ မဆင်ခြင် ဘဲ
ငါလျှင် ငါဘဲ ၊ မာန ခဲက
ရေထဲ ဆင်းသို့ ၊ ပါးလျား၏။
ရေထဲ ဆင်းသို့ ၊ ပွားကံ ချို့တဲ့
ရင်ဆို့ ပေစာ ၊ ခါ တစ်ရာ ရေး
ယဉ်ရှာ စိတ်ကူး ၊ ပါးလျား၏။
ယဉ်ရှာ စိတ်ကူး ၊ စာသံ ကြူးလည်း
စိတ်ကူး ယဉ်လှ ၊ သာမည သာ
ဘဝ ကောင်းဆိုး ၊ ပါးလျား၏။
ဘဝ ကောင်းဆိုး ၊ ကံ သုံးမျိုး တွင်
မြတ်နိုး ဓမ္မ ၊ အမှန် ပြစေ
ဘဝ ခြေခံ ၊ ကောင်းဖို့တည်း။
ဘဝ ခြေခံ ၊ စိတ်ကူး ဥာဏ်မြှင့်
ကောင်းကံ တင့်စေ ၊ တို့ စာပေ ဖြင့်
လူထွေ စိတ်မှန် ၊ ကောင်းဖို့တည်း။ ။
" သစ်ရိပ်ညို "
Comments
Post a Comment