ရေတိမ်တိမ်မနဲဖြတ်ကူး

" ​ရေတိမ်​တိမ်​ မနဲဖြတ်​ကူး "

ခေတ်​ကာလ သ​န္ဓေပျက်​​တော့
ရွှေ​ငွေထက်​ စားစရာ
ရွေးချယ်​ ရမှာ။

ဈေးဝယ်​ခက်​ ဆမတန်​စွာ
အသပြာ ​ငွေ​ကြေး။

ပေါ့တန်​ရှာ
ဆော့သန်​စွာ လစာ​ပျော့ငယ်
လျော့ပက်​ ပက်​​လေး။ ။

" သစ်​ရိပ်​ညို "

" ​ရေတိမ်​နစ်​ပြီ "

ခေါင်း​ပေါ်မှာ ဝန်​​လေးထုပ်
ရေ​လေးငုတ်​ လက်​တစ်​ထွာ
ကူးခက်​ လှစွာ။

ဝမ်း​ရေးထုပ်​ ​ကျော​ပေါ်ပါ
ခါးမှာ​လေ ချည်​ကြိုး။

နေခက်​ခက်​ပါဆို
ခြေလက်​ကို ဥပ​ဒေ တုတ်​ကာ
လျှိုးငုပ်​ ​ရေချိုး။ ။

" သစ်​ရိပ်​ညို "

" ​ငွေအ​လေး နဲ့ ရေ​လေးတိမ်​တိမ်​​ "

ငွေစက္ကူ ​ကျိုးကြေလျက်
တိုး​ငွေတက်​ ခက်​ပြီကွာ
အရိုးကျိုးတဲ့ ကြာ။

ပင်​ပန်းသမျှ နွမ်း​ကျေစွာ
စမ်း​ရေဟာ မ​အေး။

ငွေပုံကာ ငါ့ကို​ပေး​ပေမယ့်
အ​လေး​ငွေ ဖိကာဖုံးလျက်
သုံးခက်​လှ ​သေး။ ။

" သစ်​ရိပ်​ညို "

" ​ငွေအရိုး​ရေ ပါးလျလျ "

ငွေခန္ဓာ မိသားစု
လေး​ချောင်းစု ​ထောက်​ခိုင်
ကျောရိုး မံတိုင်​။

အားစိုက်​လို့ ရှာ​ဖွေနိုင်
ချွေးဖြိုင်​ဖြိုင်​ ပင်​ပန်း။

တစ်​​နေ့စာသာပါ့
ဖြည့်​စရာ မပြည့်​တမ်းကွဲ့
ဝမ်းစာ တွက်ထမ်း​​။ ။

" သစ်​ရိပ်​ညို "

" ကျုပ်​​နေတဲ့ ကျူး "

ငွေနံ့သာ အဆီဖူး
ပြာလူးရ သလို​ပေ
မွှေးကျွတ်​ မွဲ​နေ။

ခန္ဓာကိုယ်​ ချေးချွတ်​​ငွေ
နေစရာ ရှိဘူး။

ဘင်္ဂါလီ တို့လို
ပြည်​ယာယီ သူတို့​ထောက်
ဖျောက်​ဖျက်​ သည့်​ကျူး။ ။

" သစ်​ရိပ်​ညို "

" ​ဟောင်​သ​ရော လှပါသည်​ "

ရပ်​ကွက်​မှာ ​ငွေတိုးချ
သခင်​မ ဘုရားရယ်
ကျောခွ စီးတယ်​။

ကျောမို့လို့ ​တော်​​သေးတယ်
မျက်​နှာငယ်​ ခစား။

ငွေမျက်​နှာ အသပြာ
ခြေလက်​ပါ ဦးနှိမ်​ရ​တောင်
နှိမ့်​ချ မသနား။ ။

" သစ်​ရိပ်​ညို "

" ထိပ်​ချမှ ဓားပြမှန်းသိတယ်​ "

ငမွဲ င​ပေ င​တေစုတ်​ပါကွဲ့
ထောက်​ခံတဲ့ လက်​သန်း​တွေ
မဲညစ်​ စွန်း​ပေ။

ငါ့အသည်း ဆတ်​ဆတ်​ခါလေ
နာ​လွန်းနေ ပြီ​လေး။

ခုမှသိတယ်​ ခင်​ဗျ
ဥမမယ်​ ဇာမ​မြောက်​ရယ်​လို့
မြှောက်​ပင့်​ ထိုး​ကြွေး။ ။

" သစ်​ရိပ်​ညို "

" ​မျက်​ရည်​ဇာတ်​ ခင်းရပြီ "

နင်​တို့​တွေ အစ က
ငါ့ ဘာ​ကြောင့်​ လိမ်​လည်​။

ငါ့မှာ​လေ ယုံကြည်​ထိုက်​ဟု
နောက်​လိုက်​ မိတယ်​။

အခုမှ မိုက်​သကွယ်
ငါ့နယ်​ပယ်​ နင်​ဖျက်​ချိုး။

အတို့ အ​ထောင်​​တွေ​ကြောင့်
မြို့ အ​ခေါင်​ ရွာ အစွန်းက
ကန်​စွန်းရွက်​ မျိုး။ ။

" သစ်​ရိပ်​ညို "

" ကိုးကွယ်​ ရာရှာ "

ကိုးကွယ်​ စရာ ဆိုလို့
ငါတို့ရဲ့ ဘဝမှာ။

ထရံကြို ထရံကြား နှင့်
ဖျင်​ကာ​လေး ကာ။

ဆရာ​တော်​ ​ဒေသနာ
ပင့်​​လျှောက်​ကာ ဝပ်​တွား။

မလိမ်​ပိုး မလိမ်​မာမို့
တရားရှာ မွဲပြာတစ်​သိုက်​တို့
အားကိုး ထိုက်​သား။

" သစ်​ရိပ်​ညို "

" စာငတ်​​ပေငတ်​ "

စာကျက်​ပါ သားငယ်​ရ
ဟို​အောက်​က ဓာတ်​မီးတိုင်
အသံကုန်​ ကိုင်​။

စာအုပ်​က မပိုင်
ဘုန်းကြီးပိုင်​ စုဘူး။

ဆွမ်းကျနှင့်​ တင်းတိမ်
ပညာချိန်​ ပညာ​ရ​စေ့ကွယ်
ဓမ္မ စကူး။ ။

" သစ်​ရိပ်​ညို "

" ဗုဒ္ဓဘာသာ ကြီးစိုးသတဲ့ "

အသားတိုး မသာ မလှတဲ့
သည်​ဘဝ ပညာငယ်​။

ဆရာ​တော်​ ဇဝန က
စာချ ရှာတယ်​။

အလိုကွယ်
အားငယ်​တဲ့ ဘဝရယ်​ တုန်း။

တို့ဘာသာ စိုးမိုး ပါသတဲ့
သာသနာ ဆိတ်​ကွယ်​သုဉ်း​အောင်
အုံးအုံးကြွက်​ ​ချေမှုန်း။ ။

" သစ်​ရိပ်​ညို "

" ​ချေးထူမ​လေးကို ချစ်​တယ်​ "

ဟိုးထက်​က နတ်​တမျှ
လှပတဲ့ ​နေ​ပျော်​​ပျော်
တို့နဲ့ မ​တော်​။

အဲ့ဒါ တွေ မသိပါ​နော်
အရှက်​​သော်​ မ​ပေါ်​ရေး။

ဘုရားစူး ပါ​စေ့
မိသားစု အဖာအ​ထေးကိုက
ချေးထပ်​ ထပ်​ ​မွှေး။ ။

" သစ်​ရိပ်​ညို "

" သူ​တောင်းစား အားကျဖွယ်​ "

သူငယ်​ချင်း သူ​တောင်းစား
အ​ကောင်းစား ​နေလိုက်​တာ
အားကျ လိုက်​တာ။

ငါ့မှာဖြင့်​ ကွာ
စားစရာ ​နေစရာ​ဝေး။

ခေတ်​အ​ခြေ ယခု မှာဖြင့်
မိသားစု သိုက်​မြုံ​လေးက
ဟို​ပြေး သည်​​ပြေး။ ။

" သစ်​ရိပ်​ညို "

" လမ်းထိပ်​အလှူ "

ဟိုလမ်းမှာ ဆန်​​ဝေမယ်​တဲ့
လက်​ဦးကွဲ့ တန်းစီ​နေ
မိသား စု​တွေ။

လျှောက်​မသွားနဲ့ သားငယ်​​ရေ
တန်းစီ​လေ ​ရှေ့နားကိုသွား။

ဟန်​မလုပ်​နိုင်​ပါဘု
ဆန်​ပြုတ်​ကယ်​ မုန့်​ဟင်းခါးဆိုက
ဗိုက်​ကား ​အောင်​စား။ ။

" သစ်​ရိပ်​ညို "

" အထက်​အမိန့်​တဲ့ "

ဓာတ်​စက်​သံ ဖွင့်​မထားလို့
ဟိုနားက အလှူကွယ်
လွဲ ခဲ့ရတယ်​။

မြန်​မြန်​ ​သေပါ​စေကွယ်
ရပ်​ကွက်​ကယ်​ လူကြီး။

တစ်​ခါမှ မ​ကျွေးပါပဲ
အခွင့်​​ရေး လာလာပိတ်​တယ်
စိတ်​ပုတ်​ ထုပ်​ ချီး။ ။

" သစ်​ရိပ်​ညို "

" စစ်​မှုထမ်းမှ လွတ်​​တော့မည်​ "

ဟယ်​.. တယ်​မလွယ်​ ပါဘူးတဲ့
လွှတ်​​တော်​ဦး တင်​ချီ။

ကံမမှီ ဒီတစ်​သက်​​တော့
ပျက်​ရ​တော့မည်​။

တို့ဗုဒ္ဓဝင်​​တွေ တန်းစီ
ယုံပါပြီ ဟိုဒီ​ပြေး။

သွားကြစို့​နော်
တပ်​မ​တော်​ ပြည့်​စစ်​သားသာ
ဝင်​ထား စို့​လေး။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်