ကံမြစ်တစ်စင်း
" ကံ မြစ်တစ်စင်း "
ရင်တလှိုက်ခုန်။
ခွေလျနုံးလို့ နှလုံးပင်တုန်။
အဆိုးကံ ကြုံ
သက်လုံမြှင့်ထား။
စိတ်ထားမှန် ရုန်းကန်နည်းမှာ
သည်းခံ နိုင်အား။ ။
ထိုးနှက်ချက် ပြင်းထန်။
ထောင့်ပေါင်းစုံ တိုက်လာမည့်
ဆိုးလိုက်သည့် ခိုက်ရန်။
စိတ်ခန္ဓာ တွင်း ပ သဏ္ဌာန်
သံသရာ ဝဋ်ဘေး။
ရပ်တည်ရန် အခက်ပွားလျှင်
တရားက ဆေး။ ။
ကယ်သူမဲ့ လျှင်။
ရေလယ်မှာ မထူးဇာတ်နဲ့
ကူးခတ် ဖို့ပြင်။
မြတ်တရား လှေအသွင်
ရေပေါ်တွင် သယ်သွား။
အေးချမ်းသာ ဘဝဘေး က
ဖေးမ လျက်သား။ ။
" သစ်ရိပ်ညို "
ရင်တလှိုက်ခုန်။
ခွေလျနုံးလို့ နှလုံးပင်တုန်။
အဆိုးကံ ကြုံ
သက်လုံမြှင့်ထား။
စိတ်ထားမှန် ရုန်းကန်နည်းမှာ
သည်းခံ နိုင်အား။ ။
ထိုးနှက်ချက် ပြင်းထန်။
ထောင့်ပေါင်းစုံ တိုက်လာမည့်
ဆိုးလိုက်သည့် ခိုက်ရန်။
စိတ်ခန္ဓာ တွင်း ပ သဏ္ဌာန်
သံသရာ ဝဋ်ဘေး။
ရပ်တည်ရန် အခက်ပွားလျှင်
တရားက ဆေး။ ။
ကယ်သူမဲ့ လျှင်။
ရေလယ်မှာ မထူးဇာတ်နဲ့
ကူးခတ် ဖို့ပြင်။
မြတ်တရား လှေအသွင်
ရေပေါ်တွင် သယ်သွား။
အေးချမ်းသာ ဘဝဘေး က
ဖေးမ လျက်သား။ ။
" သစ်ရိပ်ညို "
Comments
Post a Comment