ကျောင်းတက်ချင်တယ်
" ကျောင်းတက်ချင်တယ် "
တိတ်တဆိတ်
ကြိတ်မှိတ်ကာငို။
ဟိုချောင်ထိပ် နားဆီက
မှောင်ရိပ်မှာခို။
တွေးစိတ်သော့ ဖျော့တော့ဆို
ချော့လိုသူ ရှား။
သူ့အတွေး ဖေးမထူ
ကယ်သူမဲ့သား။ ။
သူ့ရဲ့ပုံ သူ့အချိုးက
မျိုးမေတ္တာ ငတ်တယ်။
ဖိုးမှတ်မှာ အခြေနဲ့ လို့
မဲ့သည့် အဖေရယ်။
အမေက ကွယ်
တွယ်ရာမဲ့ ဘဝခြား။
စိတ်အားရယ် ငယ်
ကျောင်းသွေဖယ် အလှမ်းရယ်ဝေးပေါ့
စာသင်ဖွယ် နတ္ထိအရေး မို့
တွေးဆ ခက်သား။ ။
" သစ်ရိပ်ညို "
တိတ်တဆိတ်
ကြိတ်မှိတ်ကာငို။
ဟိုချောင်ထိပ် နားဆီက
မှောင်ရိပ်မှာခို။
တွေးစိတ်သော့ ဖျော့တော့ဆို
ချော့လိုသူ ရှား။
သူ့အတွေး ဖေးမထူ
ကယ်သူမဲ့သား။ ။
သူ့ရဲ့ပုံ သူ့အချိုးက
မျိုးမေတ္တာ ငတ်တယ်။
ဖိုးမှတ်မှာ အခြေနဲ့ လို့
မဲ့သည့် အဖေရယ်။
အမေက ကွယ်
တွယ်ရာမဲ့ ဘဝခြား။
စိတ်အားရယ် ငယ်
ကျောင်းသွေဖယ် အလှမ်းရယ်ဝေးပေါ့
စာသင်ဖွယ် နတ္ထိအရေး မို့
တွေးဆ ခက်သား။ ။
" သစ်ရိပ်ညို "
Comments
Post a Comment