တောသူတောင်သား

" ​တောသူ​တောင်​သား "

လယ်​​တောခွင်​ ​ရောက်​သဖြင့်
တစ်​မိုး​အောက်​ လယ်​ယာ
ရှု​မော မဆုံးပါ။
မြင်​ကွင်းလှ တစ်​မျိုးသာယာ
ရင်​တွင်းမှာ ပီတိစား။
တောလယ်​ယာ နယ်​တဝိုက်
ဖိုးထိုက်​တန်​ များ။ ။

တော​တောင်​​ခြေ သီးပင်​များ
စား​သောက်​ပင်​ စုံစွာ။
တောင်​​ငွေ့​ဝေ ကာရံဆိုင်း
ဝိုင်းပတ်​လည်​ကာ။
ကောက်​ပဲသီး စပါးမှန်​စွာ
လယ်​ယာ​မြေ ​ဝေလို့ကြွား။
မိုး​တောင်​သူ​တွေဖြင့်
ဆောင်း​ဟေမန်​ ​တောင်​ယာစိုက်​ကာ
ပျိုးလိုက်​ ပုံများ။ ။

အရိုးခံ လယ်​လုပ်​သားနှင့်
ပျိ​မေများ ညီ​စေ။
စမ်း​ချောင်းကန်​ လယ်​​ရေသွင်းဖို့
စိုက်​ခင်း ဝင်​​နေ။
ကြည်​နူးဖွယ့်​ ​တောင်​သူ​တွေ
တောရွာ​နေ တို့ရွာသား။
လှည်​ကြမ်းယာဉ်​ တနှင်​နှင်​နဲ့
ပြည့်​ရင်​ခွင်​ ဘယ်​မချို့တယ်
တို့မြန်​ပြည်​ ဖွား။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်

သံခိပ်