" ကိလေသာစိတ် ၁၀ ပါး " လိုချင်လောဘ ၊ မျက်ဒေါသနှင့် မောဟတွေဝေ ၊ မာနစေလျက် မှားပေဒိဋ္ဌိ ၊ သံသယရှိသည့် ဝိစိကိစ္ဆာ ၊ ငိုက်မည်းစွာကား။ ပျင်းစွာစဉ်းမှိတ် ၊ ထိနမိဒ္ဓ ပျံ့စိတ်လွင့်ပြ ၊ ဥဒ္ဓစ္စဖြင့် အဟိရိက ၊ ရှက်ကြရဖွယ် အနောတ္တပ္ပ ၊ ကြောက်ကြမကောင်း ဆယ်ဝကြောင်းထွေ ၊ နွမ်းညစ်စေအောင် ကိလေသာသောင် ၊ ကျွန်းစိတ်ဘောင်ထဲ ရစ်ဝဲရစ်သီ ၊ ကျွမ်းဝင်သည်မို့ ဖြစ်တည်စိတ်ထဲ ၊ ဝင်လာမြဲပင်။ ။ " သစ်ရိပ်ညို "
Comments
Post a Comment