စိစစ်လက်ခံ ကောင်းရာကံ
" စိစစ်လက်ခံ ကောင်းရာကံ "
ဤသူတော်ကောင်း ၊ ဘယ်လောက်ကောင်းစေ
မကောင်းအပြစ် ၊ ရှာဖွေစစ်က
အညစ်အနွမ်း တွေ့လိမ့်မည်။
ဤသည်လူဆိုး ၊ ဘယ်လိုဆိုးစေ
အကျိုးမေတ္တာ ၊ ကောင်းကွက်ရှာက
ကောင်းရာကံကျိုး တွေ့လိမ့်မည်။
ဘယ်သူဘယ်ဝါ ၊ ဘယ်အရာမဆို
ဘယ်ဟာပုဂ္ဂိုလ် ၊ မှားမှန်ကိုဖြင့်
သာပိုဓမ္မ ၊ အဓမ္မဖြင့်
နှိုင်းဆပိုင်းခြား ၊ တိုင်းတာငြားမှ
ခွဲခြားသိမြင် ရှိလိမ့်မည်။
သူ့လူငါ့လူ ၊ အတ္တကူ၍
မတူစိတ်ထား ၊ ယူဆခြားကာ
ကွဲပြားဆန့်ကျင် ၊ ပြစ်မမြင်ဘဲ
ဆင်ခြင်ဓမ္မ ၊ အဓမ္မဖြင့်
ထောက်ပြသင့်ပေ ၊ လက်ခံလေမှ
များထွေကျိုးဖြာ ၊ အောင်မြင်ရာ၏။ ။
" သစ်ရိပ်ညို "
ဤသူတော်ကောင်း ၊ ဘယ်လောက်ကောင်းစေ
မကောင်းအပြစ် ၊ ရှာဖွေစစ်က
အညစ်အနွမ်း တွေ့လိမ့်မည်။
ဤသည်လူဆိုး ၊ ဘယ်လိုဆိုးစေ
အကျိုးမေတ္တာ ၊ ကောင်းကွက်ရှာက
ကောင်းရာကံကျိုး တွေ့လိမ့်မည်။
ဘယ်သူဘယ်ဝါ ၊ ဘယ်အရာမဆို
ဘယ်ဟာပုဂ္ဂိုလ် ၊ မှားမှန်ကိုဖြင့်
သာပိုဓမ္မ ၊ အဓမ္မဖြင့်
နှိုင်းဆပိုင်းခြား ၊ တိုင်းတာငြားမှ
ခွဲခြားသိမြင် ရှိလိမ့်မည်။
သူ့လူငါ့လူ ၊ အတ္တကူ၍
မတူစိတ်ထား ၊ ယူဆခြားကာ
ကွဲပြားဆန့်ကျင် ၊ ပြစ်မမြင်ဘဲ
ဆင်ခြင်ဓမ္မ ၊ အဓမ္မဖြင့်
ထောက်ပြသင့်ပေ ၊ လက်ခံလေမှ
များထွေကျိုးဖြာ ၊ အောင်မြင်ရာ၏။ ။
" သစ်ရိပ်ညို "
Comments
Post a Comment