ရပ်မိရပ်ဖ

" ရပ်မိရပ်ဖ "

အိုကြီးအိုမ ၊ အရွယ်ကျ၍
ဒုက္ခမများ ၊ နေချင်သားဟု
တရားသတိ ၊ မပြတ်ရှိလျက်
ဒိဋ္ဌိဖယ်ခွာ နေကြသည်။

ဒိဋ္ဌိဖယ်ခွာ ၊ နေနေရှာလည်း
ဆွေညှာမျိုးဆက် ၊ အိမ်ပေါ်တက်၍
အရက်သေစာ ၊ သောက်စားကာဖြင့်
သံဝါနေ့ည ခြိမ်းခြောက်သည်။

သံဝါနေ့ည ၊ လူ့ဗာလကြောင့်
ဒုက္ခလွယ်ပိုး ၊ မျက်ရည်မိုးလျှင်
လွှမ်းမိုးသောက ၊ ဘုရားတလျက်
ချုံးချငိုကြွေး ကြရသည်။

ချုံးချငိုကြွေး ၊ ရတက်မအေးစွ
သေရေးမဖြောင့် ၊ စိုးရိမ်ကြောင့်ကျ
ရောင့်တက်လူမိုက် ၊ အိမ်ရောင်းလိုက်ဟု
တိုက်ခိုက်စကား ဆိုတော့သည်။

တိုက်ခိုက်စကား ၊ ဘေးအိမ်များတွက်
နားငြီးနှောက်ယှက် ၊ ဒေါသထွက်၍
ဝိုင်းလျက်လူစု ၊ ထိန်းကြောင်းပြုသည်
လူမှုဝန်ထမ်း ခရီးသည်။

လူမှုဝန်ထမ်း ၊ လူနတ်ချမ်းသာ
စမ်းရေအေးမြ ၊ နတ်ကောင်းမသို့
စောင့်ကြရပ်ရွာ ၊ တရားစွာလျှင်
သာယာစေကြောင်း ပေါင်းစုရည်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်