မသူဇာ
" မသူဇာ "
မဟူရာ ညှို့မျက်ဝန်း
ဝေရွှန်းတဲ့ သူဇာ။
မျက်ဝန်းချို ပြိုရောင်ဆင်း
ဝင်းလဲ့ ရည်ဖြာ။
အသည်းမှာ
စွဲထင်လာ ဒီမျက်ဝန်း။
ဟိုယခင်
ပျိုဖေါ်ဝင် သူဇာနတ်နွယ်
ညှို့ဓါတ် ကြွယ်လွန်း။ ။
ခုနေချိန် သူဇာလှ
ဘယ်ဘဝ မှာရယ်။
လှဂုဏ်ရည် ချိုလွင်အေး
ဝေးခဲ့ ပြီကွယ်။
အိပ်မက်နယ်
စက်ရာငယ် တစ်လွမ်း။
ပုံပန်းချီ
နဂိုရည် မြပုလဲနှယ်
စွဲမြဲ တ တမ်း။ ။
" သစ်ရိပ်ညို "
မဟူရာ ညှို့မျက်ဝန်း
ဝေရွှန်းတဲ့ သူဇာ။
မျက်ဝန်းချို ပြိုရောင်ဆင်း
ဝင်းလဲ့ ရည်ဖြာ။
အသည်းမှာ
စွဲထင်လာ ဒီမျက်ဝန်း။
ဟိုယခင်
ပျိုဖေါ်ဝင် သူဇာနတ်နွယ်
ညှို့ဓါတ် ကြွယ်လွန်း။ ။
ခုနေချိန် သူဇာလှ
ဘယ်ဘဝ မှာရယ်။
လှဂုဏ်ရည် ချိုလွင်အေး
ဝေးခဲ့ ပြီကွယ်။
အိပ်မက်နယ်
စက်ရာငယ် တစ်လွမ်း။
ပုံပန်းချီ
နဂိုရည် မြပုလဲနှယ်
စွဲမြဲ တ တမ်း။ ။
" သစ်ရိပ်ညို "
Comments
Post a Comment