နောင်အရေး ရင်လေးသည်

" နောင်အရေး ရင်လေးသည် "

မပူပန် တစ်ယူသန် စိတ်ကယ်နဲ့
မူ မမှန် သူ အကြံ နှိပ်ချေပေါ့
တိတ်ရတဲ့ မြန်ပြည်။

ငွေသပြာ ဖွေရှာရာ ခက်သနဲ့
မေကလျာ ရွှေမာယာ စနက်တွေ ကြောင့်
အခွန် တွက် ပူသည်။

ဘယ်အရေး ကမှဖြင့် ဖြေတွေးလို့ မရနိုင်ပြီ
မအေးပူ ရင်မှာ အခါခါ ဆူသမို့။

နေ မယွန်းခင်
စေညွှန်းရှင် ဖန်တစ်ရာ စီမံဖျက်သနှင့်
ပြည် သံသရာ
ညီလာခံမှာ အဆင် အချိုးဟာဖြင့်
ဤ မှန်ရာ အထင် တစ်မျိုး လွဲရ အောင်
ကျွဲ ဖြစ်တယ် လို့။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်