ဖြစ်မှဖြစ်ရလေဟယ်
” ဖြစ်မှဖြစ်ရလေဟယ် ”
ကိုဖိုးစု ကိုဖိုးစု
မိန်းမ ယူဖို့ ငွေကိုစု။
ရွာလယ်စုက မနုကျော်
မေတ္တာ မျှကြသော်။
မနုကျော် အပျိုကြီး
ဖိုးစု လူပျိုကြီး။
ရွာလူကြီးတို့ တိုင်ပင်ကာ
ပေးစား လိုက်ရောဗျာ။
နောက်နေ့မှာ အသံဗြဲ
မနု မျက်ရည်ရွှဲ။
ဖိုးစု ချော့လည်း မနု ငို
ရွာလူကြီးတို့ မေးကြည့်ဆို။
မနုကို ဘယ်လိုများ
နှိပ်စက် လေရော့လား။
မဟုတ်ပါလား သူကြီးရယ်
မနု ဖြေရာဝယ်။
အုံးအုံးရယ် တဟားဟား
ဝိုင်းရယ် ကြရော့ဗျား။
အချိန်တွေအား နှမျောဖွယ်
တမ်းတလို့ ငိုတယ်။
ယောက်ျားကိုကွယ် မယူမိ
ခုမှ ကောင်းမှန်းသိ။ ။
” သစ်ရိပ်ညို ”
ကိုဖိုးစု ကိုဖိုးစု
မိန်းမ ယူဖို့ ငွေကိုစု။
ရွာလယ်စုက မနုကျော်
မေတ္တာ မျှကြသော်။
မနုကျော် အပျိုကြီး
ဖိုးစု လူပျိုကြီး။
ရွာလူကြီးတို့ တိုင်ပင်ကာ
ပေးစား လိုက်ရောဗျာ။
နောက်နေ့မှာ အသံဗြဲ
မနု မျက်ရည်ရွှဲ။
ဖိုးစု ချော့လည်း မနု ငို
ရွာလူကြီးတို့ မေးကြည့်ဆို။
မနုကို ဘယ်လိုများ
နှိပ်စက် လေရော့လား။
မဟုတ်ပါလား သူကြီးရယ်
မနု ဖြေရာဝယ်။
အုံးအုံးရယ် တဟားဟား
ဝိုင်းရယ် ကြရော့ဗျား။
အချိန်တွေအား နှမျောဖွယ်
တမ်းတလို့ ငိုတယ်။
ယောက်ျားကိုကွယ် မယူမိ
ခုမှ ကောင်းမှန်းသိ။ ။
” သစ်ရိပ်ညို ”
Comments
Post a Comment