ခရေချစ်သူ

" ခရေချစ်သူ "

မိုးအချွေ လေအလိုက်
ဆောင်းနှင်းလှိုက် ပွင့်ကြွေ။

ပြန့်အကြွေ မြေအရောက်
လိုက်ကောက်ကာနေ။

မိခေရ
ပျော်နေတယ် မဟုတ်လား။

နှီးကြိုးသီ ခရေကုံးက
မွှေးတုန်းကွဲ့ လား။ ။

စွန့်မည့်ချိန် နင်မစွန့်
စိတ်အညွန့် သာယာ။

ပန်းခြောက်တွေ စာအုပ်ကြား
သိမ်းထားပြန်တာ။

နင်ချစ်တာ
သေချာ စဉ်းစား။

ဘဝကို ဒီလိုစိတ်က
နှိပ်စက် တတ်သား။ ။

ခရေလို ထိုလူသား
နင်ခစား တော့မယ်။

ပန်းကုံးသီ နင့်သျှောင်ထုံး
သုံးချ တော့မယ်။

မလည်ဝယ်
မပစ်ပယ် နိုင်ဘူး။

ပေးဆပ်ချင် မြေကျပန်းကို
တမ်းတ လျက် ရူး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်