ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ

" ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ "

ကျွန်ုပ်တို့ရဲ့ အလံတော်
အရောင် လေးမျိုး ရှိသနော်။

ဖြူ နီ စိမ်း ဝါ အရောင်များ
မြန်မာပြည် ကိုယ်စား။ ။

အလံတော်မှ အဝါရောင်
စည်းလုံးညီညွတ် မှုကိုဆောင်။

ပညာတန်ဆောင် ထွန်းလင်းလျှက်
တို့တွေ လက်ခြင်းဆက်။ ။

အလံတော်ရှိ အစိမ်းရောင်
မြေဆီဩဇာ ကြွယ်ဝဆောင်။

ငြိမ်းချမ်းသာယာ မေတ္တာအေး
စိမ်းလန်း စိုပြည်ရေး။ ။

အလံတော်၏ အနီရောင်
ရဲရင့်ပြတ်သား အားကိုဆောင်။

သွေးစည်းညီစေ တို့တွေများ
ပြည်ထောင်စုရဲ့ သား ။ ။

အဖြူရောင်ရဲ့ အဓိပ္ပါယ်
မြင့်မြတ်သန့်ရှင်း ဖြူစင်ကြယ်။

တို့တိုင်းပြည်ရဲ့ ယဉ်ကျေးမှု
ရိုးသား ဖြောင့်မတ်မှု။ ။

စည်းလုံး ဝေစည် သွေးချင်းညီ
ဖြူစင် သန့်ရှင်း စင်ကြယ်သည်။

စွမ်းရည် ပြည့်ဝ ရှိစေသား
အလံတော်၌ ထား။ ။

လွတ်လပ်ရေးကို ထိန်းသိမ်းရန်
သစ္စာရှိဖို့ သတိပန်။

တို့ပြည်ထောင်စု တို့လူထု
နိုင်ငံတော်ကို အလေးပြု။ ။

ပေါင်းစုညီစေ တို့အင်အား
ရိုးသားကြိုးစား တို့လုပ်အား။

မှတ်သားသိဖွယ် ဂရုပြု
အလံတော်ကို အလေးပြု။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်