တိမ်ကြားငှက်ငယ်
” တိမ်ကြားငှက်ငယ် ”
ကြင်ဖေါ် မဲ့ဝေး ၊ ငှက်ကလေး ရေ
လွမ်းတေး ငိုယို ၊ လူးလာ ဆို၍
ဟိုသည် ပျံလို့ ဝဲလှတယ်။
ငိုပါနဲ့ ကွယ် ၊ အို ငှက်ငယ် ရယ်
တစ်နယ် ရပ်ခြား ၊ လေဆန် တား၍
သင့်နား ရောက်ချိန် လွဲရတယ်။
သိုက်မြုံ နှင့်ဝေး ၊ သွားချိန်လေး မှာ
ပူဆွေး လွမ်းစ ၊ လွန် တမ်းတ ၍
မှန်းဆ စိုးရိမ် ကဲသို့နှယ်။
ရင်ဝယ် လွယ်ပိုက် ၊ ဥ အသိုက် နှင့်
မောဟိုက် ဖြာဖြာ ၊ သောက ရွာ၌
မျှော်ကာ စောင့်ဆဲ သဲလို့ရယ်။
ရွှေရင် ထင့်ထင့် ၊ မြန်နှုန်း မြှင့်ကာ
မျှော်လင့် ငှက်ကယ် ၊ တိမ်ကြား ကွယ်၌
တောင်ငယ် ဖျတ်ဖျတ် ၊ လေဟုန် ခတ်၍
လွမ်းတတ် သူထံ ၊ အရောက် ပျံသည်
အားမာန် အပြည့် ရှိသည့်နှယ်။ ။
” သစ်ရိပ်ညို ”
ကြင်ဖေါ် မဲ့ဝေး ၊ ငှက်ကလေး ရေ
လွမ်းတေး ငိုယို ၊ လူးလာ ဆို၍
ဟိုသည် ပျံလို့ ဝဲလှတယ်။
ငိုပါနဲ့ ကွယ် ၊ အို ငှက်ငယ် ရယ်
တစ်နယ် ရပ်ခြား ၊ လေဆန် တား၍
သင့်နား ရောက်ချိန် လွဲရတယ်။
သိုက်မြုံ နှင့်ဝေး ၊ သွားချိန်လေး မှာ
ပူဆွေး လွမ်းစ ၊ လွန် တမ်းတ ၍
မှန်းဆ စိုးရိမ် ကဲသို့နှယ်။
ရင်ဝယ် လွယ်ပိုက် ၊ ဥ အသိုက် နှင့်
မောဟိုက် ဖြာဖြာ ၊ သောက ရွာ၌
မျှော်ကာ စောင့်ဆဲ သဲလို့ရယ်။
ရွှေရင် ထင့်ထင့် ၊ မြန်နှုန်း မြှင့်ကာ
မျှော်လင့် ငှက်ကယ် ၊ တိမ်ကြား ကွယ်၌
တောင်ငယ် ဖျတ်ဖျတ် ၊ လေဟုန် ခတ်၍
လွမ်းတတ် သူထံ ၊ အရောက် ပျံသည်
အားမာန် အပြည့် ရှိသည့်နှယ်။ ။
” သစ်ရိပ်ညို ”
Comments
Post a Comment