ပါရမီဖြင့်ကောင်းကျိုးတည်စေခြင်း
" ပါရမီဖြင့်ကောင်းကျိုးတည်စေခြင်း "
ကံခွက်ငယ် ကုသိုလ်ဖြည့်
လွန်လွယ်လေ့ ပြည့်လျှံ။
ကံဖြည့်ရန် အုတ်ကန်ထက်
ပြည့်ခက် ဧကန်။
များလှသည့် ပါရမီခံ
ရေမြေခံ ကြည့်ရွေး။
ပြည့်ဝစုံ ပါရမီကြောင်း
ဇာတ်ပေါင်း ရလေး။ ။
ကံစေရာ ဥာဏ်တံခါး
ဖွင့်ထားကြ များဝေနေ။
ကံသို့ပုံ ဥာဏ်ဖြည့်အား
ကြိုးစား ကြပေ။
ဥာဏ်အသိ ကံရှိသူတွေ
မှန်သိလေ ထင်ရှား။
ပါရမီ ဥာဏ်စက်သွား
ဓားစက် အလား။ ။
ဥာဏ်သိပုံ ကုသိုလ်ဖက်
ကံသက်ဆက် ပါရမီ။
ပြည့်ရင့်သန် ပါရမီကြောင်း
ကောင်းဖို့ လိုသည်။
အကုသိုလ် ကင်းစင်ကြည်
လင်းနေခြည် နုအသွေး။
မျိုးဇီဝ ရုက္ခာ
ရွှင်လန်းဖြာ သာယာဖြိုး
ကောင်းကျိုး ပြည့်လေး။ ။
" သစ်ရိပ်ညို "
ကံခွက်ငယ် ကုသိုလ်ဖြည့်
လွန်လွယ်လေ့ ပြည့်လျှံ။
ကံဖြည့်ရန် အုတ်ကန်ထက်
ပြည့်ခက် ဧကန်။
များလှသည့် ပါရမီခံ
ရေမြေခံ ကြည့်ရွေး။
ပြည့်ဝစုံ ပါရမီကြောင်း
ဇာတ်ပေါင်း ရလေး။ ။
ကံစေရာ ဥာဏ်တံခါး
ဖွင့်ထားကြ များဝေနေ။
ကံသို့ပုံ ဥာဏ်ဖြည့်အား
ကြိုးစား ကြပေ။
ဥာဏ်အသိ ကံရှိသူတွေ
မှန်သိလေ ထင်ရှား။
ပါရမီ ဥာဏ်စက်သွား
ဓားစက် အလား။ ။
ဥာဏ်သိပုံ ကုသိုလ်ဖက်
ကံသက်ဆက် ပါရမီ။
ပြည့်ရင့်သန် ပါရမီကြောင်း
ကောင်းဖို့ လိုသည်။
အကုသိုလ် ကင်းစင်ကြည်
လင်းနေခြည် နုအသွေး။
မျိုးဇီဝ ရုက္ခာ
ရွှင်လန်းဖြာ သာယာဖြိုး
ကောင်းကျိုး ပြည့်လေး။ ။
" သစ်ရိပ်ညို "
Comments
Post a Comment