အချစ် ငယ်ဖြူ

"အချစ် ငယ်ဖြူ"

နှစ်သက်စွာဖြင့် ချစ်ခဲ့သည်
ချစ်နေပါ၍ ပြုံးပြသည်။

ပြုံးစေလိုလို့ ခွာမိသည်
ခွဲခွာလိုက်၍ မုန်းတော့သည်။

မုန်းစိတ်ဝင်၍ ဖြတ်ပစ်သည်
သံယောဇဉ် ဖြတ်လို့ လွမ်းရသည်။

မလွမ်းချင်၍ ဆက်ခဲ့သည်
ကြိုးခြင်းထိတော့ ငြိပြန်သည်။

တွဲလက်ယှက်ကာ ချစ်မိလာသည့်
မဆုံးနိုင်ပါ သံသရာ။

အချစ်အမုန်း အပြုံးအငို
အခွာအဖျက် အလွမ်းအဆွေး
အတွဲအဆက် တွေ့ဆုံလျှက်သာ
စိတ်ညစ်စရာ ဝေဒနာ။

ရင်မှာခံစား စိတ်နွဲ့ပါးသည့်
သက်တူရွယ်တူ ချစ်ငယ်ဖြူကို
ရည်တူမျှော်မှန်း ဘဝလမ်း။

တစိမ့်စိမ့်ကြည့် တသိမ့်သိမ့်ပြုံး
တသသ တ ချစ်မဝ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်