ဓမ္မပါလ
" ဓမ္မပါလ "
ဓမ္မပါလ ၊ ဗြဟ္မဏသို့
မသေမျိုးနွယ် ၊ ရွယ်ငယ်ငယ်များ
ဘယ်လိုတရား ၊ ဘယ်ကျင့်အားဖြင့်
ငယ်သားထက်အောက် ၊ အကျိုးရောက်ဟု
ပါမောက္ခကြီး ၊ မေးမြန်းပြီးသော်......
တို့ဆွေမျိုးများ ၊ ကျင့်ကြိုးစားသည်
တရားနှစ်ချိုက် ၊ သုစရိုက်ဆောင်
မကြိုက်သူတော် ၊ ဒုစရိုက်ခေါ်သည့်
မလျော်မုသား ၊ သတ်ခိုးသားနှင့်
သောက်စားကာမ ၊ ရှောင်သွေကြ၏။
ထို့ပြင်တစ်ဝ ၊ ငရဲကျသည့်
နိမ့်ကျအယုတ် ၊ ထိုအလုပ်ကို
မလုပ်ရှောင်ရှား ၊ မျိုးဆွေများနှင့်
မခြားခြွေရံ ၊ အကျင့်မှန်စွာ
ကျင့်ကြံ`သု´ကို ၊ မြဲဆောင်လို၏။
`ဒု´ကိုရှောင်ရှား ၊ `သု´ကိုပွားလျက်
ဟောကြားသူတော် ၊ လျော်စွာနာကြား
ပွားများသန္တ ၊ သူယုတ်စသည်
ပယ်ချခွာရှဲ ၊ သူတော်တွဲ၍
အမြဲဆည်းကပ် ၊ လှူဒါန်းအပ်တည့်။
ရဟန်းပုဏ္ဏား ၊ သူတော်အားမူ
ဆွမ်းများကပ်လှူ ၊ တရားယူ၏။
လှူရန်လှူဆဲ ၊ လှူပြီးမြဲပင်
လှိုက်လှဲဝမ်းသာ ၊ မုဒိတာဖြင့်
သီတာချမ်းမြ ၊ မြတ်ဒါနတည့်။
သီလဖြူစင် ၊ အိမ်သူရှင်မ
သန့်စင်ဖွားရာ ၊ သားလိမ္မာတည့်။
ပညာသုတ ၊ စွယ်စုံရပေ
ဝေဒကျွမ်းကျင် ၊ သီလစင်ကြယ်
ငယ်လျှင်ရွယ်သား ၊ မသေငြားတည့်။
တမိသားလုံး ၊ ဆွေမျိုးလုံးနှင့်
ခိုင်လုံးခြွေရံ ၊ သုစရိုက်မှန်ကို
ရည်သန်ကျင့်ပျိုး ၊ သက်ဆုံးညှိုးတိုင်
ထီးမိုးစောင့်ရှောက် ၊ မိုးရေပေါက်မှာ
မရောက်အပါး ၊ မြဲရှောင်ရှားသို့ ......
တရားကျင့်ကြ ၊ တရားရ၍
မုချကောင်းစွာ ၊ သက်ရှည်ပါသည်
ဘယာကင်းဝေး ၊ လူမိုက်ဘေးတို့
အဝေးရှောင်ရှား ၊ မြတ်တရားကြောင့်
ရွယ်ခြားငယ်တွေ ၊ အသက်ရှည်၏။
ဓမ္မပါလ ၊ ဖြေကြားပြသည့်
`ဒု´အပ ရှောင်ရှား ၊ `သု´ကိုပွားလျက်
စိတ်ထားဖြူစင် ၊ ကျင့်ကြံလျှင်မူ
နွယ်ဝင်နောင်သား ၊ မသေငြားမို့
တရားကိုသာ ၊ ပွားများရာ၏။ ။
" သစ်ရိပ်ညို "
ဓမ္မပါလ ၊ ဗြဟ္မဏသို့
မသေမျိုးနွယ် ၊ ရွယ်ငယ်ငယ်များ
ဘယ်လိုတရား ၊ ဘယ်ကျင့်အားဖြင့်
ငယ်သားထက်အောက် ၊ အကျိုးရောက်ဟု
ပါမောက္ခကြီး ၊ မေးမြန်းပြီးသော်......
တို့ဆွေမျိုးများ ၊ ကျင့်ကြိုးစားသည်
တရားနှစ်ချိုက် ၊ သုစရိုက်ဆောင်
မကြိုက်သူတော် ၊ ဒုစရိုက်ခေါ်သည့်
မလျော်မုသား ၊ သတ်ခိုးသားနှင့်
သောက်စားကာမ ၊ ရှောင်သွေကြ၏။
ထို့ပြင်တစ်ဝ ၊ ငရဲကျသည့်
နိမ့်ကျအယုတ် ၊ ထိုအလုပ်ကို
မလုပ်ရှောင်ရှား ၊ မျိုးဆွေများနှင့်
မခြားခြွေရံ ၊ အကျင့်မှန်စွာ
ကျင့်ကြံ`သု´ကို ၊ မြဲဆောင်လို၏။
`ဒု´ကိုရှောင်ရှား ၊ `သု´ကိုပွားလျက်
ဟောကြားသူတော် ၊ လျော်စွာနာကြား
ပွားများသန္တ ၊ သူယုတ်စသည်
ပယ်ချခွာရှဲ ၊ သူတော်တွဲ၍
အမြဲဆည်းကပ် ၊ လှူဒါန်းအပ်တည့်။
ရဟန်းပုဏ္ဏား ၊ သူတော်အားမူ
ဆွမ်းများကပ်လှူ ၊ တရားယူ၏။
လှူရန်လှူဆဲ ၊ လှူပြီးမြဲပင်
လှိုက်လှဲဝမ်းသာ ၊ မုဒိတာဖြင့်
သီတာချမ်းမြ ၊ မြတ်ဒါနတည့်။
သီလဖြူစင် ၊ အိမ်သူရှင်မ
သန့်စင်ဖွားရာ ၊ သားလိမ္မာတည့်။
ပညာသုတ ၊ စွယ်စုံရပေ
ဝေဒကျွမ်းကျင် ၊ သီလစင်ကြယ်
ငယ်လျှင်ရွယ်သား ၊ မသေငြားတည့်။
တမိသားလုံး ၊ ဆွေမျိုးလုံးနှင့်
ခိုင်လုံးခြွေရံ ၊ သုစရိုက်မှန်ကို
ရည်သန်ကျင့်ပျိုး ၊ သက်ဆုံးညှိုးတိုင်
ထီးမိုးစောင့်ရှောက် ၊ မိုးရေပေါက်မှာ
မရောက်အပါး ၊ မြဲရှောင်ရှားသို့ ......
တရားကျင့်ကြ ၊ တရားရ၍
မုချကောင်းစွာ ၊ သက်ရှည်ပါသည်
ဘယာကင်းဝေး ၊ လူမိုက်ဘေးတို့
အဝေးရှောင်ရှား ၊ မြတ်တရားကြောင့်
ရွယ်ခြားငယ်တွေ ၊ အသက်ရှည်၏။
ဓမ္မပါလ ၊ ဖြေကြားပြသည့်
`ဒု´အပ ရှောင်ရှား ၊ `သု´ကိုပွားလျက်
စိတ်ထားဖြူစင် ၊ ကျင့်ကြံလျှင်မူ
နွယ်ဝင်နောင်သား ၊ မသေငြားမို့
တရားကိုသာ ၊ ပွားများရာ၏။ ။
" သစ်ရိပ်ညို "
Comments
Post a Comment