ပန်းဆယ်မျိုး ကဗျာ
"ပန်းဆယ်မျိုး ကဗျာ"
ဘုရားမတင် နတ်မဝင်
လူတွင် ပန်းဆယ်မျိုး ။
မြန်မာ့ရိုးရာ ပညာရှင်
လက်မှု ပညာပျိုး ။
ဆေးစက်ကျရာ အရုပ်ထင်
ပန်းချီ ပညာပင် ။
ပန်းပုပညာ ထုဆစ်ကြ
လှပ ရုပ်လုံးကြွ ။
ပန်းရံကတော့ တည်ဆောက်မယ်
သံလျက် ကိုင်လို့ရယ် ။
ပန်းပဲထုတဲ့ သံပူရဲ
လက်နှက် ပစ္စည်းမြဲ ။
လက်မှုရွှေသား ပန်းတိမ်မှာ
လွပရတနာ ။
ပန်းပွတ်လုံးတွေ မျိုးစုံသုံး
ဆင်လှ တစ်အိမ်လုံး ။
ပန်းတည်းခတ်က လှဆန်းကြယ်
ငွေထည် လက်ရာကြွယ် ။
ပန်းနွယ်ခက်ကြွ လက်ရာလှ
ပန်း တမော့ရယ်ပ ။
ပန်းတော့ပညာ ဖောင်းကြွစွာ
နံကပ် ကနုတ်ပါ ။
ပန်းယွန်းဆွမ်းအုပ် ယွန်းထည်လုပ်
နုရွ ပညာထုတ်။
စုံလင်လက်မှု လက်ရာများ
ပန်း ဆယ်မျိုးကပွား ။
လက်မှုပညာ ထွန်းတောက်လျှင်
နိုင်ငံ့ ဂုဏ်ရောင်ထင် ။
ဆယ်ဖြာလက်မှာ ဦးတင်ထား
ကောင်းမှု ကြွယ်စေသား ။ ။
" သစ်ရိပ်ညို "
ဘုရားမတင် နတ်မဝင်
လူတွင် ပန်းဆယ်မျိုး ။
မြန်မာ့ရိုးရာ ပညာရှင်
လက်မှု ပညာပျိုး ။
ဆေးစက်ကျရာ အရုပ်ထင်
ပန်းချီ ပညာပင် ။
ပန်းပုပညာ ထုဆစ်ကြ
လှပ ရုပ်လုံးကြွ ။
ပန်းရံကတော့ တည်ဆောက်မယ်
သံလျက် ကိုင်လို့ရယ် ။
ပန်းပဲထုတဲ့ သံပူရဲ
လက်နှက် ပစ္စည်းမြဲ ။
လက်မှုရွှေသား ပန်းတိမ်မှာ
လွပရတနာ ။
ပန်းပွတ်လုံးတွေ မျိုးစုံသုံး
ဆင်လှ တစ်အိမ်လုံး ။
ပန်းတည်းခတ်က လှဆန်းကြယ်
ငွေထည် လက်ရာကြွယ် ။
ပန်းနွယ်ခက်ကြွ လက်ရာလှ
ပန်း တမော့ရယ်ပ ။
ပန်းတော့ပညာ ဖောင်းကြွစွာ
နံကပ် ကနုတ်ပါ ။
ပန်းယွန်းဆွမ်းအုပ် ယွန်းထည်လုပ်
နုရွ ပညာထုတ်။
စုံလင်လက်မှု လက်ရာများ
ပန်း ဆယ်မျိုးကပွား ။
လက်မှုပညာ ထွန်းတောက်လျှင်
နိုင်ငံ့ ဂုဏ်ရောင်ထင် ။
ဆယ်ဖြာလက်မှာ ဦးတင်ထား
ကောင်းမှု ကြွယ်စေသား ။ ။
" သစ်ရိပ်ညို "
Comments
Post a Comment